တရုတ်မွှေးတဲ့ မီး ဘယ်လိုငြိမ်းကြမလဲ


xxxxxxxxxxxxxxxxxx
■ ရှမ်းမြောက်မှာရှိတဲ့ ကိုးကန့်ဒေသမှာ လောက်ကိုင်မြို့တမြို့ကလွဲရင် မြို့တော်တော် များများက  MNDAA လက်ထဲရောက်နေပြီ။ တရုတ်-မြန်မာ ကုန်သွယ်မှုမှာ ၆၅ ရာခိုင်နှုန်းအထိရှိတဲ့ မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်နဲ့ ဒုတိယကုန်သွယ်မှုအများဆုံး ဝင်ပေါက်ဖြစ်တဲ့ ချင်းရွှေဟော်ဆိုတဲ့ ဝင်ပေါက် ဂိတ် ၂ ခုစလုံးကို ရန်သူက ထိန်းချုပ်ထား လိုက်ပြီလို့ အကြမ်းဖျဉ်းယူဆလို့ရတဲ့အနေအထားလည်းဖြစ်တယ်။ ငြိမ်းချမ်းရေးအတွက် နှစ်ဖက်ဆွေးနွေးပွဲတွေကို ဒီဇင်ဘာလကုန်ရင် ပြန်စမယ်လို့ ထုတ်ပြန်ထားတယ်။ လတ်တလော အပစ်အခတ်ရပ်စဲထားတယ်ဆိုပေမဲ့ ပြည်သူစစ်တွေအတော်များများ ကတော့ MNDAA လက်ထဲ အညံခံတာ ခပ်များများတွေ့နေရတယ်။ ဆိုလိုတာက ကိုးကန့်ဒေသမှာ ပယ်အုပ်စုလည်းမရှိတော့ဘူး။ ဖုန်အုပ်စုလည်း မရှိတော့တဲ့အချိန်မှာ  ဖြစ်နိုင်တာကတော့ လောက်ကိုင်ဒေသကို MNDAA နဲ့ အပေးအယူသဘောမျိုး လုပ်လာနိုင်တယ်ဆိုတဲ့ ယူဆချက်ပဲ ထွက်လာတယ်။
-----------
■ ၂၀၀၈ ခြေဥအရ MNDAA ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပဲ အစိုးရက ပေးအပ်နိုင်မယ်။ လက်နက်ကိုင်ပြီးအုပ်ချုပ်တဲ့ အထူးဒေသပုံစံမျိုးတော့ ပေးလို့မဖြစ်ဘူး။ ပေးလို့လည်း မရဘူး။ ပိုဆိုးတာက နိုင်ငံတော်ရဲ့ နှစ်နိုင်ငံ စီးပွားရေးအတွက် အချက်အခြာကျတဲ့ ဝင်ပေါက်ဂိတ် နယ်စပ်မြို့ကို အစိုးရအနေနဲ့ ဒီလိုခပ်လွယ်လွယ်တော့ လက်လွှတ်မယ် မထင်ဘူး။ ဒီစစ်ပွဲရဲ့ အဆုံးသတ်ကို ထင်ကြေးအမျိုးမျိုးပေးနေကြပေမဲ့ မူဝါဒချမှတ်သူ တွေပဲ ဒီကိစ္စကို ခရေစေ့တွင်းကျ သိနိုင်လိမ့်မယ်။
--------
■ တကယ်တော့ လက်ရှိ စစ်ဖြစ်နေတဲ့ နှစ်ဖွဲ့စလုံးက တရုတ်အတွက် မကင်းရာ မကင်းကြောင်း ပတ်သက်ထားသူတွေချည်းပဲ။ မြောက်ပိုင်း ၃ ဖွဲ့နဲ့ KIA ဆိုတာက တရုတ်မွေးထားတဲ့ မျောက်တွေဆိုတာ ကလေးကအစ သိတယ်။ သေချာတာကတော့ ပိုပြီးနစ်နာစေချင်တဲ့အဖွဲ့ကို တရုတ်အနေနဲ့ ပိုပိုသာသာလေး ရိုက်မှာပဲ။ ဒီစစ်ပွဲတွေက ကျားဖြန့်ကိစ္စဖြေရှင်းရေး တစ်ခုတည်းလား။ အမေရိကန်ရဲ့ China Containment မူဝါဒအရ တရုတ်အနေနဲ့ မြန်မာ-တရုတ်ကြားမှာ လွတ်မြောက်နယ်မြေတွေ ဖန်တီးပြီး နယ်မြေတံတိုင်းသဘောမျိုး ကာချင်တာလားဆိုတာကိုတော့ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်တွေရော၊ မြန်မာ့နိုင်ငံရေးသမားတွေပါ ကျယ်ကျယ် ပြန့်ပြန့် တွေးတော ဖို့လိုအပ်နေပြီလည်းဖြစ်တယ်။
-----------
■ အမေရိကန်ဆိုတဲ့ အမျိုးကလည်း သူ့နိုင်ငံအတွက် အကျိုးစီးပွားမပါရင် ဘာမှ မလုပ်တဲ့ နိုင်ငံမျိုး။ သူသာ စိတ်ပါလို့ ပါဝင်ပတ်သက်ချင်ရင် ဒီမိုကရေစီခေါင်းစဉ်တည်ပြီး ပတ်သက်ခဲ့ဖူးတာပဲ။ ဥပမာ- အရှေ့တောင်အာရှမှာဆိုရင် ဗီယမ်နမ်စစ်ပွဲမှာ ပါခဲ့တယ်။ အရှေ့အလယ်ပိုင်းဒေသတွေဖြစ်တဲ့ အာဖဂန်နဲ့အီရတ် နိုင်ငံတွေမှာလည်း ပါခဲ့တယ်။ အာဖဂန်ကို ဆယ်စုနှစ် ၂ စုစာ သူတို့အုပ်ချုပ်ခဲ့ပေမဲ့ နိုင်ငံတည်ငြိမ်လာတာလည်း မရှိဘူး။ ဒီမိုကရေစီလည်းမရခဲ့ဘူး။ အာဖဂန်နိုင်ငံဟာ ဒုံရင်း၊ဒုံရင်းပဲ။   ခုလည်း မြန်မာနိုင်ငံ ဆိုတာက ပထဝီနိုင်ငံရေးအရ China Containment အတွက် အရေးပါနေလို့သာ ခြေရှုတ်နေတယ်ဆိုတဲ့ သဘောထက် မပိုဘူး။ မဟုတ်ရင် ပြဿနာပေါင်း သောင်းခြောက်ထောင်ရှိနေတဲ့ ဒီလို နိုင်ငံ သေးသေးလေးက သူ့အတွက် စာရင်းထဲတောင် ရှိနေစရာအကြောင်းမရှိဘူး။ နစက ဘက်က ဖက်ဒရယ်နဲ့ဒီမိုကရေစီကို သွားပါ့မယ်။ ရွေးကောက်ပွဲလုပ်ပေးပါ့မယ်ဆိုတဲ့ ကတိကဝတ်တွေပြောနေတာတောင် နိုင်ငံကြီးတွေက ဘာများ အင်းအဲလုပ်နေတာတွေ့ဖူးလို့လဲ။ တကယ်လို့ ဒီမိုကရေစီကိုသာ သူတို့တွေအနေနဲ့ မြတ်နိုးရင်...တပ်မတော်အာဏာထိမ်းအစိုးရက ရွေးကောက်ပွဲပြန်လုပ် မယ်လို့ ပြောတဲ့ ကတိကဝတ်တွေကို လိုလိုလားလားကြိုဆိုရမှာမဟုတ်ဘူးလား။ ရွေးကောက်ပွဲ အမြန်ဆုံးလုပ်ဖြစ်အောင် တွန်းအားပေးရမှာမဟုတ်ဘူးလား။ 
-----------
■ ရှမ်းမြောက်စစ်ပွဲဆိုတာ ခပ်လွယ်လွယ်ပြီးဆုံးသွားခဲ့ရင်.....တရုတ်-မြန်မာကြားမှာ တိုင်းရင်းသားလက်နက်ကိုင်တွေကြီးစိုးတဲ့ Buffer Zone ခံလိုက်ပြီလို့ပဲ တွေးလိုက်ရတော့ မှာပါပဲ။ နိုင်ငံတော်အတွက် စီးပွားရေးအရ အရေးပါတဲ့ မူဆယ်ဒေသလိုမျိုး၊ ချင်းရွှေဟော် ဒေသလိုမျိုးနေရာတွေမှာ တရုတ်အတွက် လိုအပ်ရင် ဒေသခံ တိုင်းရင်းသား EAOs တွေနဲ့ပဲ စကားပြောမယ် ဆိုတဲ့ ပုံစံမျိုးအထိ ရောက်သွားနိုင်တယ်။ ဗဟိုအစိုးရရဲ့ ခြေတံ၊ လက်တံ တွေကို ထိန်းချုပ်ပစ်လိုက်တယ်ဆိုတဲ့ အနေအထားထိ ဖြစ်သွားစေနိုင်တယ်။ မိုးမပြို၊ ပြိုခဲ့သည်ရှိသော်ပေါ့။  တကယ်လို့ နစက အနေနဲ့ အမေရိကန်ဘက်ယိမ်းသွား နိုင်ရင်တောင် လိုအပ်တဲ့ကြားခံနယ်မြေတွေကို တရုတ်အနေနဲ့ ကာနိုင်ဖို့ ကြိုးစားပြီးသွား ပြီလို့တောင် တွေးလို့ရပါတယ်။ ဒါပေမဲ့ ဒီရေးသားချက်တွေက ယူဆချက်တွေသာ ဖြစ်လို့ အတိအကျကြီး ဖြစ်လာမယ်လို့ တထစ်ချတွေးလို့လည်း မရပါဘူး။ နိုင်ငံရေးဆိုတာ တိမ်တောင်သဖွယ် မင်းရေးကျယ် လွန်းလှပါတယ်။

(နရီမိုး)crd

Post a Comment

Previous Post Next Post