Pdf လက်အောက် မှ ပြည်သူတို့၏ရင်ဖွင့်သံ


"Pdfလက်အောက်နေရတာ  ဟိုကြောက်ရ ဒီကြောက်ရ နဲ့ပိုဆိုးတယ်။
မြို့ပေါ်နေရတာမှ
နေတတ်ရင် အေးအေးဆေးဆေး နဲ့ နေလို့ရအုံးမယ်။

Pdfနယ်မြေမှာ နေရတာ
Pdfအတွက် လစဥ်ထောက်ပံ့ကြေးပေးရတယ်။
နေ့စဥ်ထမင်းချက် ပို့ရတယ်။
Pdfနဲ့ အဆင်မပြေရင် ဒလန်လို့ စွပ်စွဲ ပြီးသတ်တယ်။
မိန်းကလေးတွေ Pdfထဲ လိုက်တော့ ကိုယ်ဝန်ရကုန်တယ်။
Pdfအုပ်ချူပ်တာ
ရွာကမိန်းကလေးတွေ ဗိုက်ကြီးကုန်တာဘဲရှိတယ်။

ကျေးလက်ဆေးပေးခန်းပိတ်ရတော့ ဆေးကုဖို့ မလွယ်ဘူး။
မြို့ဆေးရုံ သွားတက်ဖို့လည်း မလွယ်ဘူး။
ရွာက ရမ်းကုနဲ့ဘဲ ကုနေရတယ်။

NUG ကျောင်းဖွင့်တော့လည်း
လစဥ်ကြေးပေးရတယ်။
ဆရာဆရာမက မပြည့်စုံဘူး။
ဟိုအရင်ခေတ်က ဆွဲခန့် လစာပေးငှားရသလို ဖြစ်နေတယ်။

မိုခါမုန်တိုင်းကြောင့် ကျေးလက်လမ်းတွေ ပျက်တော့လည်း
အစိုးရဘတ်ဂျက်နဲ့ လာပြင်မပေးတော့ဘူး။
သွားရေးလာရေး မလွယ်တော့ဘူး။
အစိုးရ လျှပ်စစ်မီးတွေ မရတော့ဘူး။
ကုန်စျေးနှုန်းတွေက မြို့ပေါ်တောင် ကြီးနေတာ Pdfနယ်မြေမှာ မြို့ပေါ်ထက်၂ဆလောက်ကြီးနေတယ်။

ဒီကြားထဲ Pdfက တပ်လာရင်ပြေး
ခိုင်း တယ်။ မပြေးရင် ဒလန်ဘဲ။
တပ်ပြန်ရင် ပြန်လာပြီး ရွာဗိုလ်ကျတယ်။
တမြို့နယ်ထဲကို Pdfတအုပ်စုနဲ့ တအုပ်စု မတည့်ဘူး။
တခါတလေ သူတို့အချင်းချင်း တိုက်ပွဲဖြစ်တယ်။

ထောင်ထားတဲ့မိုင်းတွေက ပြည်သူတွေကို ထိတယ်။
ရွာကလူတွေ သေတာလည်း မနည်းတော့ဘူး။
နွားတွေတိရိစ္ဆာန်တွေ မိုင်းထိ သေကုန်တယ်။
တိရစ္ဆာန်က
မိုင်းနင်းမိရင် နွားသေချာမကျောင်းလို့ဆိုပြီး  မိုင်းဖိုးလျှော်ရတယ်။
လယ်ယာတွေထဲ မိုင်းထောင်ထားရင် ယာမလုပ်လယ်မလုပ်ရဘူးလို့ ပိတ်ပင်တယ်။
တောင်သူတွေ ဘာနဲ့သွားစားရမလဲ။
သူတို့ပါးစပ်ထဲရှိတာ အမိန့်ဖြစ်နေတယ်။

အာဏာရှင်တော်လှန်ရေးလို့ပြောပြီး သူတို့ကိုယ်တိုင် အာဏာရှင်ပေါက်စတွေ ဖြစ်လာတယ်။
Pdfလက်အောက်မှာနေရတာ ဘာမှမလွတ်လပ်ပါဘူး။
ကျားကြီးကျောက်လို့ ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုးနေတယ်။
ဒါကြောင့် Pdfနယ်မြေကလူတွေ တပ်ရှိတဲ့ မြို့ပေါ်ပြောင်းနေကြတာပါ။
"

(ပြည်သူတဦးရဲ့ရင်ဖွင့်သံ)

မြေပြင်မှာ သွားလာနေရင်း ကြားနေရတော့
အမြန် အေးချမ်းပါစေ။

NayMyoMyanmar

Post a Comment

Previous Post Next Post