၄ ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးသို့ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဗီဒီယိုကွန်ဖရင့်ဖြင့် ပါဝင်တက်ရောက် ဆွေးနွေး


====================
ယနေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်တဲ့ (၄)ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပါဝင်တက်ရောက် ဆွေးနွေးခဲ့ပါတယ်။
နိုင်ငံတော်ဝန်ကြီးချုပ်က ဆွေးနွေးပြောကြားရာတွင် ယနေ့အစည်းအဝေး၏ ဆောင်ပုဒ်မှာ “မဲခေါင်-လန်ချန်း နိုင်ငံများအကြား အားလုံးနှင့်သက်ဆိုင်သော အနာဂတ်နှင့် ခေတ်မီဖွံ့ဖြိုးမှု တည်ဆောက်ဖို့ ပူးပေါင်းဆောင်ရွက်ကြပါစို့”
ဖြစ်သည့်အတွက် လက်ရှိအခြေအနေများနှင့် ကိုက်ညီမှုရှိပါကြောင်း၊ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေး ခေတ်မီတိုးတက်လာစေရေးတို့အတွက် အချင်းချင်းအပြန်အလှန် အကူအညီပေးသင့်ပါကြောင်း၊ မြန်မာနိုင်ငံသည် ပူးတွဲဥက္ကဋ္ဌ အနေဖြင့်လည်းကောင်း၊ တာဝန်သိအဖွဲ့ဝင်အနေဖြင့်လည်းကောင်း မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုကို အစဉ်တန်ဖိုးထားပြီး မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ မူဝါဒများ၊ စိတ်ဓာတ်များနှင့်အညီ တက်ကြွစွာ ဆက်လက်ပါဝင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စသည်ဖြင့် ဆွေးနွေးပြောကြားခဲ့တယ်လို့ သိရပါတယ်။
#တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

Post a Comment

Previous Post Next Post