တီမောနိုင်ငံအပါအဝင် မြန်မာ့အချုပ်အခြာအာဏာကို ထိပါးစော်ကားနေတဲ့ ပြည်ပနိုင်ငံတွေအပေါ် ရန်ကုန်ပြည်သူလူထုက ဆန့်ကျင်ရှုတ်ချ


တီမောနိုင်ငံအပါအဝင် မြန်မာ့အချုပ်အခြာအာဏာကို ထိပါးစော်ကားနေတဲ့ ပြည်ပနိုင်ငံတွေအပေါ် ဆန့်ကျင်ရှုတ်ချကြောင်း ဆန္ဒထုတ်ဖော်ပွဲတစ်ရပ်ကို ဒီကနေ့ ဒီဇင်ဘာ ၁၃ ရက်၊ နေ့လည် ၂ နာရီအချိန်က ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံရှေ့၊ ယာဥ်ရပ်နားကွင်းမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို ရန်ကုန်မြို့က အမျိုးသားရေးဦးဆောင် ဆရာတော်တွေနဲ့ မျိုးချစ် ပြည်သူလူထုက ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီး အင်အား ၁၂၀၀ ကျော်တို့က လာရောက်ဝန်းရံ ပါဝင်ဆင်နွှဲခဲ့ကြတယ်လို့ ဆိုပါတယ်။

ဆန္ဒထုတ်ဖော်ပွဲမှာ တက်ရောက်လာတဲ့ပြည်သူတွေက တီမောသမ္မတအပါအဝင် အကြမ်းဖက်အုပ်စုတွေနဲ့ အကြမ်းဖက်အားပေးထောက်ခံသူတွေကို အလိုမရှိ ဆန့်ကျင်ရှုတ်ချကြောင်း ကြွေးကြော်ခဲ့ကြတာလို့ သိရပါတယ်။
#𝙢𝙝𝙩𝙣𝙚𝙬𝙨

Post a Comment

Previous Post Next Post