ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများ ဝင်ငွေခွန် ၂% ထမ်းဆောင်ရန် မြန်မာသံရုံးအသိပေး


ထိုင်းနိုင်ငံသို့ ရောက်ရှိအလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့ရရှိသည့် လစာဝင်ငွေမှ ဝင်ငွေခွန် ၂% ထမ်းဆောင်ရန်အတွက် ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက အသိပေး ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများတွင် စက်ရုံ/ အလုပ်ရုံ၊ စိုက်ပျိုး/ မွေးမြူရေး၊ ဆောက်လုပ်ရေး၊ ဝန်ဆောင်မှုလုပ်ငန်း၊ အထွေထွေလုပ်သားစသည့် Blue Collar များ၏ လစဉ်ဝင်ငွေကို ၇၅၀၀ ဘတ်နှုန်းသတ်မှတ်ပြီး ဝင်ငွေခွန် ၂% အရ ၁၅၀ ဘတ် လစဉ်ပေးသွင်းရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ လစဉ်အခွန် ၂%၊ ၁၅၀ ဘတ် ပေးသွင်းခြင်းဖြင့် လစဉ် ၇၅၀၀ ဘတ်နှင့် ညီမျှသော မြန်မာ ကျပ်ငွေကို ငွေဖြူအဖြစ် ခံစားခွင့်ရရှိကာ မြန်မာနိုင်ငံသို့ ပြန်ရောက်ချိန် အိမ်၊ ခြံ၊ မြေ၊ တိုက်ခန်း၊ မော်တော်ယာဉ် စသည်တို့ကို ဝယ်ယူရာတွင် စုဆောင်းထားသော ငွေဖြူစာရင်းအပေါ် တွက်ချက်၍ ဝင်ငွေခွန်လျော့ပေါ့ပေးခြင်းကို ခံစားခွင့်ရရှိမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။

Read More... https://telegra.ph/Myanmar-Hard-Talk-12-13-5

Post a Comment

Previous Post Next Post