တရုတ်က မြန်မာ-တရုတ်နယ်စပ်မှာရှိတဲ့ တရုတ်နိူင်ငံသားတွေကို ဘေးလွတ်ရာရွှေ့ပြောင်းကြဖို့ အသိပေး


တရုတ် - မြန်မာနယ်စပ်ဒေသတစ်လျှောက်၌ နေထိုင်နေသည့် တရုတ်နိုင်ငံသားများအ‌နေဖြင့် ဘေးလွတ်ရာသို့ အမြန်ဆုံးရွှေ့ပြောင်းရန် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက Wechat လူမူကွန်ရက်မှတစ်ဆင့် အသိပေး ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံမြောက်ပိုင်း၌ လက်နက်ကိုင်တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခြင်းကြောင့် လုံခြုံရေးအန္တရာယ်စိုးရိမ်ရသဖြင့် ၎င်းနိုင်ငံသားများ၏ ဘေးကင်းလုံခြုံရေးအတွက် ယခုကဲ့သို့ အသိပေးထားခြင်းဖြစ်သည်။

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကို ရပ်စဲနိုင်ရန် ကြားဝင်စေ့စပ် ညှိနှိုင်းမှုများ ဆောင်ရွက်ခဲ့သော်လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး ကုန်သွယ်ရေးအတွက် အချက်အချာကျသောနေရာများကို သိမ်းပိုက်ခံထားရကြောင်းလည်း သိရသည်။
#𝙢𝙝𝙩𝙣𝙚𝙬𝙨

Post a Comment

Previous Post Next Post