သားသမီးမြေးမြစ်တွေကို ကျွန်ဘဝအရောက်မခံနိုင်


ငယ်စဉ်က စပြီး ဦးသိန်းစိန်ခေတ်အထိ
ရန်သူနဲ့ တပ်မတော် စစ်တိုက်ရာမှာ
တပ်မတော်က ရန်သူ့စခန်းတွေကို အသေခံပြီးတိုက်ခိုက်
ရယူခဲ့သလို၊

ကိုယ့်စခန်းတွေ ရန်သူလက်ထဲပါမသွားအောင် အသေခံ
ပြီး ကာကွယ်သွားတဲ့ အကြောင်းတွေကိုပဲကြားဘူးခဲ့
တယ်။

" ငါ မသေ ငါ့စခန်းမကျစေရ " ဆိုတာမျိုး။

" ရဲရဲတက် ၊ ရဲရဲတိုက် " ဆိုတာမျိုးတွေ ပေါ့။

အဲ့ဒီလို အတွေးအခေါ်နဲ့ကြီးပြင်းလာတဲ့ ကျွန်တော်တို့ဟာ
တပ်မတော် စခန်းတွေ တစ်ခုပြီး တစ်ခု ကျတာ။

တစ်မြို့ပြီး တစ်မြို့ ရန်သူ့လက်ထဲပေးလိုက်ရတယ်
ဆိုတာတွေကို ကြားမြင်နေရတော့ စိတ်မချမ်းသာဘူး ။

မခံစားနိုင်ဘူး ။

ဘာကြောင့်လဲ ဆိုတော့
အင်္ဂလိပ် - မြန်မာ စစ်ပွဲ ၃ ကြိမ်ရှုံးပြီး မြန်မာပြည်ကို
အင်္ဂလိပ် လက်ထဲ ထိုးအပ်လိုက်ရလို့။

ဘိုးဘေးဘီဘင်များဟာ ကျွန်သဘောက်ဘဝကို နှစ်ရှည်
ခံခဲ့ရလို့။

ကျွန်တော်တို့ ဘိုးဘေးတွေကောင်းလို့ ကျွန်တော်တို့ အဖေနဲ့ ကျွန်တော်တို့ လက်ထက်မှာ လွတ်လပ်ရေးရခဲ့
တယ်။

ကျွန်တော်တို့ ဟာ ကျွန်သဘောက်ဘဝက လွတ်မြောက်
ခဲ့တယ်။

လွတ်လပ်ရေးရဲ့ အသီးအပွင့်တွေကို ခံစားပြီး လွတ်လပ်
ရေးရဲ့ အရသာကို ကျွန်တော်တို့ကြိုက်နှစ်သက်ခဲ့တယ်။

အခု ကျွန်တော်တို့ ဘဝ နိဂုံးမချုပ်ခင်မှာ

ကျွန်တော်တို့ ညံ့လို့ ကျွန်တော်တို့ တိုင်းပြည်ဟာ  ရပြီးသားလွတ်လပ်ရေးကို နောက်ထပ်တစ်ကြိမ်ဆုံးရှုံးရမယ်၊

ကျွန်တော်တို့ သားသမီးမြေးမြစ်တွေဟာ တရုတ်၊ကုလား
တွေရဲ့ ကျွန်သဘောက်ဘဝကို ပြန်ရောက်ရတယ်ဆိုရင်
ကျွန်တော်တို့ လူ့ဘဝရောက်ခဲ့တာဟာ တန်ရဲ့လား။

ပြောချင်တာက

ခံခွာတိုက်ချီပဲ ဖြစ်ဖြစ်။

ဟ ပေးတာပဲ ဖြစ်ဖြစ်။

ကျုံးသွင်းတာပဲ ဖြစ်ဖြစ်။

ဘယ်လို စစ်ဗျူဟာ နဲ့ပဲ တိုက်တိုက် ကျွန်တော်တို့ သိ
တာက ကျွန်တော်တို့ နိုင်ချင်တယ်။

အဲ့ဒီ လို နိုင်ဘို့အတွက် ကျွန်တော်တို့ ဘာလုပ်ပေးရမလဲ?

crd#(ဆီမီးအိမ်)

Post a Comment

Previous Post Next Post