တိုင်းရင်းသားအမည်အသုံးပြုပြီးစစ်တိုက်နေသူများအကြောင်းတစေ့တစောင်း


မနေ့က လောက်ကိုင်မှာ MNDAA က နယ်ခြားစောင့်တပ်ကို ဝင်တိုက်တယ်။ ထုံးစံအတိုင်း နယ်ခြားစောင့် ဆိုတာ မြန်မာ့တပ်မတော်က အစိတ်အပိုင်းတစ်ခုမှာပဲ အင်အားအနည်းငယ်ပါဝင်တာ။ ကျန်တာတွေက တချိန်က လက်နက်ကိုင်တိုင်းရင်းသားအင်အားစုတွေ။ ရှင်းရှင်းပြောရရင် ကိုးကန့်လူမျိုးတွေ။ ဒါကို အင်နဲ့အားနဲ့ဒေါနဲ့မောနဲ့ ဝင်ဆောင့်တာ။ နယ်ခြားစောင့်တပ်အနေနဲ့ ခုခံနိုင်ခဲ့တယ်လို့သိရပြီး တပ်မတော်မှ လေကြောင်း ပစ်ကူပေးနေတယ်လို့သိရတယ်။ ဆိုတော့ .. ဒါ တိုင်းရင်းသားကိုချစ်တာလား။ ကိုးကန့် အချင်းချင်း သူ့ဘက်မပါလို့တိုက်တာနော်။
-
နောက်တစ်ခု ရန်လုံကျိုင်းနဲ့ တုံချိန်ကိစ္စ။ အပစ်အခတ်ရပ်စဲရေး တစ်ဖက်နဲ့တစ်ဖက် သဘောတူခဲ့ကြပြီး တပ်မတော်အနေနဲ့ MNDAA ကို တိုက်ခိုက်မှုကို ရပ်စဲခဲ့တယ်။ ဒါကို အခွင့်ကောင်းယူပြီး ရန်လုံကျိုင်းနဲ့ တုံချိန်မှာ အလံတပ်ထောင်တယ်။ ဒီအထိလဲ ကိစ္စမရှိဘူး။ ကိစ္စရှိတာက ပြည်သူ့စစ်တွေ လက်နက်ချတာကို မီဒီယာမှာ အရေးတယူ တခမ်းတနားတင်ပြီး ကြွားတယ်။ အဆိုးဆုံးက “လောက်ကိုင် မှာ ဗမာ ဒုက္ခသည်တွေမရှိတော့ဘူး။ နှင်ထုတ်လိုက်ပြီ။ တပ်အနေနဲ့ စိတ်ကြိုက်ဗုံးကျဲလို့ရပြီ” ဆိုတဲ့ စကားကို MNDAA အတွင်းရေးမှူးဆိုတဲ့ ငကြောင်က ထပြောတာ။ ဆိုလိုချင်တဲ့သဘောက တပ်က ဗုံးကျဲ တိုက်ခိုက်လာရင် တိုင်းရင်းသားတွေကို မညှာဘူးဆိုတဲ့သဘော၊ ဗမာလူမျိုးကြီးဝါဒကို ကျင့်သုံးနေတယ် ဆိုတဲ့သဘော သက်ရောက်စေတာ။ တစ်နည်းအားဖြင့်ဆိုသော် .. တပ်က ဗုံးကျဲတာသည် ဒီကောင်တွေကို သက်ရောက်မှုရှိလို့ တောပြောတောင်ပြော ပြောနေတယ်လို့လဲ သတ်မှတ်လို့ရတယ်။
-
ထားတော့ .... သူတို့ပြောသလို ဘယ်သူက တိုင်းရင်းသားတွေကို အလေးထားပြီး ဘယ်သူက တိုင်းရင်းသား တွေနာမည်သုံးပြီး စစ်တိုက်နေလဲ ဆန်းစစ်ကြည့်မယ်။
-
တပ်မတော် .... ဘယ်ဒေသမှာပဲဖြစ်ဖြစ် လက်နက်ကိုင်တွေနဲ့တိုက်တိုင်း တပ်မတော်ဟာ စစ်ကိုဦးစားပေး တိုက်တယ်။ ရွာတွေမြို့တွေကိုရှောင်တယ်။ မရှောင်တာက တိုင်းရင်းသားလက်နက်ကိုင်ဆိုတဲ့ ကောင်တွေ။ ဝေးဝေးမကြည့်နဲ့ ... 1027 ဆိုပြီး နာမည်တပ် မြို့တွေကြေစေတဲ့ ဖြစ်ရပ်ကိုပဲကြည့်။ နောက်တစ်ခု .. တပ်မတော်အနေနဲ့ သူ့ကိုလက်နက်ကိုင်ပုန်ကန်နေတဲ့ တိုင်းရင်းသားတွေကို တိုက်နေပေမဲ့ အဆိုပါဒေသကို သဘာဝဘေးအန္တရာယ် (သို့) အခြား ဒုက္ခရောက်လာရင် ပစ်မထားဘူး။ မိုခါ မုန်တိုင်းဒဏ်ခံရတဲ့အချိန် ရခိုင်ကို ဝင်ကယ်ခဲ့တာပဲကြည့်။
-
တိုင်းရင်းသားလက်နက်ကိုင်အမည်ခံ .... ဘယ်ဒေသမှာပဲဖြစ်ဖြစ် သူတို့ စစ်နိုင်ဖို့ပဲကြည့်တယ်။ သူတို့နေတဲ့ နေရာမှာကို ကျေးရွာ၊ မြို့တွေထဲ ဝင်တိုက်တာ။ အဆောက်အအုံတွေပေါ်နေရာယူပြီး တိုက်တာ။ ဒါလား ... တိုင်းရင်းသားအရေးကိုကြည့်တာ။ နောက် .. သူတို့ တိုက်ပြီးတဲ့နေရာတွေမှာ ဗမာဆိုရင် ကြိုးတုတ်ပြီး သူပုန်သဖွယ်ဆက်ဆံတယ်။ လောက်ကိုင်ကိစ္စမှာ ဗမာဒုက္ခသည်တွေကိုနှင်ထုတ်သတဲ့။ သဘောကတော့ သူတို့နယ်မှာ ဗမာမရှိစေချင်တဲ့သဘော။ ဒါလား ... ဗမာလူမျိုးကြီးဝါဒလား တိုင်းရင်းသား လူမျိုးကြီး ဝါဒလားဆိုတာ။
-
အဟတ် ... တာပန်ကျူး ကပြောသတဲ့ “TNLA မှာ PDF တွေ သင်တန်းတက်ရင် ၄၀ ရာခိုင်နှုန်း သူတို့ဆီမှာ စစ်တိုက်ပေးရမယ်ဆိုပြီး အင်အားယူထားသတဲ့။ ခု ရမခ မှာ တိုက်နေတာ သူတို့လူမျိုးစစ်စစ်တွေ မကျဘူး။ ဗမာတွေသေတာတဲ့။” ဒါလား တိုင်းရင်းသားတန်းတူညီမျှမှုရှိရေးဆိုတာ ....
-
စာရေးသူ ပြောတာ မမှန်ဘူး မှားနေတယ်ဆိုရင် အချက်အလက်နဲ့ လာငြင်းနိုင်တယ်။ ဒီကောင်တွေက “တိုင်းရင်းသားနာမည်အသုံးပြုပြီး လိုဘတစ်ခုအတွက် စစ်တိုက်နေတဲ့ကောင်တွေ” လို့ပဲ ပြောချင်ပါတယ်။ ဘာတိုင်းရင်းသားအရေးမှမဟုတ်ပါဘူး .....

မင်းထက်ကျော်ဇော

Post a Comment

Previous Post Next Post