အစိုးရ ဆရာဝန်တွေကို AA ခဲဝါအဖွဲ့က အဓမ္မဖမ်းဆီး


==========================
AA ခဲဝါအဖွဲ့က တိုက်ပွဲတွေမှာ အကျအဆုံးနဲ့ ထိခိုက်ဒဏ်ရသူတွေများပြီး ဆေးကုသရမဲ့ ဆေးဝါးအပြင် ကုသပေးမဲ့ ဆရာဝန်မရှိတာကြောင့် ခြိမ်းခြောက်ခေါ်ယူ ဆေးကုသခိုင်းနေတယ်လို့သိရပါတယ်။
အစိုးရဆေးရုံတွေမှာရှိတဲ့ ဆရာဝန်နဲ့ သူနာပြုတွေကို AA ခဲဝါအဖွဲ့က အဓမ္မဖမ်းဆီးခေါ်ယူပြီး သေနတ်ပြ ခြိမ်းခြောက်ကာ အလုပ်ထွက်စာတင်ခိုင်း၍ တိုက်ပွဲဖြစ်နေတဲ့ နေရာတွေထိ သွားရောက်ကာဆေးကုသခိုင်းမှုတွေပြုလုပ်နေပါတယ်။
အစိုးရဆရာဝန်တွေကို အဓမ္မဖမ်းဆီးတိုက်ပွဲတွေထိ သွားရောက် ဆေးကုသခိုင်းခြင်းကြောင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေမှာ အခြားမြို့သို့ပြောင်းရွေ့နေရပြီး ဒေသခံပြည်သူတွေရဲ့ ကျန်းမာရေးကိစ္စရပ်တွေမှာ အခက်အခဲတွေဖြစ်ပေါ်နေပါတယ်။

Post a Comment

Previous Post Next Post