အကြမ်းဖက်နှိမ်နင်းရေး အထူးစစ်ကြောင်းများ သိကောင်းစရာ



ကျားဘီလူးစစ်ကြောင်း (သို့) အကြမ်းဖက်နှိမ်နင်းရေး အထူးစစ်ကြောင်းကြီးတွေ ဘယ်လိုဖြစ်ပေါ်လာသလဲ ဆိုတာ အကြမ်းဖျဉ်းပြောပြပါမယ်။

သူတို့က သမားရိုးကျတပ်မဟုတ်ပါဘူး။ ပြည်သူ့စစ်ထဲ မဝင်ချင်ဘဲ ရှေ့တန်းကျကျ တိုက်ရဲခိုက်ရဲပြီး အမျိုးဘာသာ သာသနာအတွက် စွန့်လွှတ်စွန့်စားရဲပါတယ်ဆိုတဲ့ Volunteer ပြည်သူတွေ၊ စစ်မှုထမ်းဟောင်းတွေ၊ ဆိုးသွမ်းလို့ စစ်ထောင်/အရပ်ဘက်ထောင် ကျနေတဲ့ စစ်သားတွေကို တိုက်ပွဲအတွေ့အကြုံရှိပြီး စည်းကမ်းကောင်းမွန်တဲ့ လက်ရှိတာဝန်ထမ်းဆောင်ဆဲ စစ်သည်တော်တွေနဲ့ အချိုးကျနစွာ ဖွဲ့စည်းထားတဲ့ အဖွဲ့ပါ။ အဲဒီလို စုဖွဲ့ထားတဲ့အဖွဲ့(စစ်ကြောင်းကြီး)တွေကို မြန်မာနိုင်ငံအနှံ့က လေ့ကျင့်ရေးစစ်ကျောင်းကြီး တွေမှာ စဉ်ဆက်မပြတ် လေ့ကျင့်ပေးလျက်ရှိတယ်။ အတိအကျဆို ၃၈ ကျောင်းမှာ။

(ဖွဲ့စည်းပုံ)
ဖွဲ့စည်းပုံကတော့ သမားရိုးကျတပ်ရင်းဖွဲ့စည်းပုံထက်ကျော်လွန်ပြီး စစ်ကြောင်းတစ်ခုကို အင်အား ၄၀၀ ကျော်နဲ့ ဖွဲ့စည်းထားတယ်။ လက်နက်တပ်ဆင်ပုံကတော့ သမားရိုးကျတပ်တွေအတိုင်း တပ်စိတ်/ တပ်စု/ တပ်ခွဲ/ စစ်ကြောင်းလက်နက် ဖွဲ့စည်းပုံအတိုင်းပဲ။ Automatic မောင်းပြန် MA-1 က စလို့ စက်လက်၊ RPG၊ ၆၀ မမ စိန်ပြောင်းအထိ အကုန်ပါတယ်။ ထူးခြားတာက သူ့မှာ Attack/ ကင်းထောက် Drone အဖွဲ့ပါ ထည့်သွင်းဖွဲ့စည်း ထားသလို Sniper Team လည်းပါဝင်နေတာ တွေ့ရတယ်။ ထိုအဖွဲ့မှာ သေနတ်/ ကျည်ဆန်ကလွဲလို့ ကျန်တဲ့အရာတွေ သယ်ဆောင်စရာမလိုတဲ့အတွက် တစ်ရက်မှာ ၁၉ နာရီကြာသည်အထိ လျင်မြန်စွာလှုပ်ရှားနိုင်အောင် တည်ဆောက်ထားတယ်။ ရိက္ခာ(ဆန်/ဆီ/ဆား) သယ်စရာမလိုပါ .. ပေါ့ပါးလွန်းလှတဲ့ ၂ ပတ်စာ MRE ရိက္ခာကိုယ်စီပါသလို တကိုယ်ရည်သုံး ဆေးဝါးအပြည့်ပါတယ်။

Post a Comment

Previous Post Next Post