ဘယ်သူတွေကိုအရင်ဆုံးစည်းရုံးသင့်သလဲ


တိုင်းရင်းသားစည်းလုံးညီညွတ်ရေး
ဆိုပြီးတော့နှစ်ပေါင်များစွာပြောခဲ့
လုပ်ခဲ့ကြတာပဲ။ဒါပေမယ့် ဒီလိုပြောခဲ့
လုပ်ခဲ့ကြတဲ့အထဲမှာ ဗမာတိုင်းရင်းသား
စည်းလုံးညီညွတ်ရေးကိုတော့ အလေးထား
ပြီးမစဥ်းစားခဲ့ မလုပ်ခဲ့ကြပါဘူး။

ဗမာတွေမှာလည်း ပြဿနာမရှိဘူးလား
မေးရင်ရှိတာပေါ့။ဥပမာ မြေယာပြဿနာ
တွေ အဓိကရုဏ်နှိမ်နင်းစဥ်က မလွှဲမရှောင်
သာလို့ ပစ်ရ ခက်ရတာတွေ ပြည်သူပိုင်
သိမ်းခဲ့ရတာတွေ ဗျူရိုကရေစီယန္တယားရဲ့
အားနည်းချက်တွေ ကြိုးနီစနစ် ပြဿနာတွေ
ဟာ လည်း ဗမာလူမျိုးတွေ ခေတ်အဆက်ဆက်
ခံစားခဲ့ရတဲ့ ပြဿနာ တွေ အဖြစ်ရှိနေခဲ့
တာကို သတိပြုမိသူတွေ ရှားပါတယ်။

ဗမာက လွဲရင်ကျန်တိုင်းရင်းသား ၁၃၄ မျိုးကို
တော့ မထိရက် မကိုင်ရက်နဲ့ ဒေသဖွံ့ဖြိုးရေး
တွေ ၊ NCAတွေ အပစ်ခတ်ရပ်စဲရေး တွေနဲ့
တော်တော်လေး အလေးထားလုပ်ပေးခဲ့တာ
တွေ့ရပါလိမ့်မယ်။

ဒီလုပ် လုပ်ပေးတဲ့နေရာမှာ ခြေဥအရ
ဆောင်ရွက်ပေးရတာ ဖြစ်လို့ အာဏာကြီး
သုံးရပ် မခွဲပေးနိုင်တာနဲ့ သံယံဇာတ မခွဲပေး
နိုင်တာကလွဲပြီး ခေတ်အဆက်ဆက် အစိုးရ
တိုင်း ဟာ လုပ်နိုင်သမျှ တော့ အစွမ်းကုန်
လုပ်ပေးခဲ့ကြတာကတော့ ငြင်းမရပါဘူး။

ဒါပေမဲ့ အဲဒီလို လုပ်ပေးတဲ့နေရာမှာ ဗမာ
တိုင်းရင်းသားတွေ အတွက်တော့ ထည့်
စဥ်းစားပေးမှု အားနည်းခဲ့ပါတယ်။အိမ်ခြေ
၂၃ လုံးသာရှိတဲ့ ကရင်ပြည်နယ် စုကလိ မှာ
အထက်တန်းကျောင်း ၊ ဆေးရုံ ကအစ
ရှိနေချိန်မှာ အညာက ဗမာတွေ သောက်ရည်
တောင် အနပ်မမှန်တဲ့ နေရာတွေ အများရှိခဲ့
ဖူးပါတယ်။ဗမာတွေ ကိုယ် တိုင် ကလည်း သူတို့
ကို သူတို့ တိုင်းရင်းသား လို့ ပြောရင် သူတို့
မပါဘူးလို့ ထင်နေကြတဲ့ ဗမာတွေ ရှိပါတယ်။

အဓိကတော့ သူတို့ အရေးထက် နယ်စပ်ဒေသ
ဖွံ့ဖြိုးရေး ၊ ငြိမ်းချမ်းရေး ဆိုပြီး အခြားတိုင်း
ရင်းသား အရေးကို ပဲ ဦးစားပေး စဥ်းစားခဲ့ကြ
လို့ ဗမာတွေဟာ သူတို့ သူတို့ တိုင်းရင်းသား
ဖြစ်တယ် ဆိုတဲ့ အယူအဆ တွေ ပါ မေ့ကုန်
လာကြတယ်။နောက် ဗမာလူမျိုးနဲ့ အစိုးရ
အကြား ၊ ဗမာလူမျိုးနဲ့ တပ်မတော်အကြား
မှာ အဟ ကြီးထွားလာခဲ့ပြီး စည်းလုံးညီညွတ်
မှု ပျက်ပြားသွားတဲ့ အကျိုးဆက်ကို ဒီကာလ
မှာ ခါးသီးပြီး ခံနေရတာ တွေ့ရတယ်။

ဒီလိုဟနေတဲ့ အချက် ၊ ဗမာတွေ စည်းလုံး
ညီညွတ်မှု ပျက်ပြားနေတဲ့ အချက်ကိုပဲ
အခြားတိုင်းရင်းသားတွေနဲ့ လက်နက်ကိုင်
အဖွဲ့တွေကနင်းပြီး နယ်မြေကျူးကျော် လုယူ
တာမျိုး လုပ်လာကြတာတွေ့ရတယ်။ဒီနေ့ပဲ
BGF ခေါင်းဆောင်နဲ့ အင်တာဗျူးနားထောင်
လိုက်ရတယ်။သူလည်းပဲ လူမျိုးရေးဆိုပြီး
တတွတ်တွတ် ပြောခဲ့တာတွေ့ရပါလိမ့်မယ်။

သဘောကတော့ ဗမာလူမျိုးတွေ မစည်းလုံး
တာကို အခွင့်ကောင်းယူ ကာ ဘေး ဘယ်
ညာ ကနေ ဝိုင်းတိုက်ပြီး
လူမျိုးရေးအရ ဖဲ့ထုတ် စည်းရုံးမှုကို
သူခံနေရပုံရပါတယ်။

ဒီနေရာမှာ ဗမာလူမျိုးတွေနဲ့ အခြားလူမျိုး
တွေ စဥ်းစားပုံခြင်း မတူကြတာ သတိပြု
မိတယ်။

ဗမာအများစုဟာ ပြည်ထောင်စုနဲ့ချီ ပြီး
တွေးတယ်။နိုင်ငံနဲ့ချီပြီး တွေးတယ်။စနစ်
ပြောင်း ဖို့ အထိ စဥ်းစားပြီး ပြောင်းလဲ
အောင် လုပ်မယ်ဆိုတဲ့ ရည်မှန်းချက်ရှိသူ
တွေ များတယ်။

အခြားတိုင်းရင်းသားတွေ က ဒီလို မတွေး
ဖူး။သူတို့ လူမျိုး ၊ သူတို့ ဒေသ ဆိုတဲ့
ဘောင်ကျဥ်းကျဥ်းလေး ကွက်ကွက်လေး
ကိုပဲ စဥ်းစားကြတယ်။

အဲဒီမှာ ဗမာ နဲ့ အခြားတိုင်းရင်းသားများ
အကြား ကွာဟချက်ကြီး ပေါ်လာခဲ့တယ်။
ပေါ်လာတဲ့ ကွာဟချက် ကလည်း အခြား
မဟုတ်ဘူး။စိတ်ဓာတ်ပဲ ၊ ဘယ်လိုစိတ်ဓာတ်
လည်း ဆိုတော့ မျိုးချစ် စိတ်ဓာတ်ပါ။

မျိုးချစ်စိတ်ဓာတ် ပြန်ဆန်းစစ် ကြည့်တော့
လားရာမတူတဲ့ ခေါင်းစဥ် သုံးမျိုးကနေ
အဓိက ထားပြီး မွေးဖွားလာကြတာတွေ့ရတယ်.။

အဲဒီလားရာမတူတဲ့ သုံးမျိုးကတော့
( ၁ ) လူမျိုးရေး ကို အခြေခံပြီး ပေါ်ပေါက်
လာတဲ့မျိုးချစ်စိတ်ဓာတ်
( ၂ ) ဘာသာရေး ကို အခြေခံပြီး ပေါ်ပေါက်
လာတဲ့ မျိုးချစ်စိတ်ဓာတ်
( ၃ ) နိုင်ငံ/ပြည်ထောင်စု အရေးကို အခြေခံပြီး
ပေါ်ပေါက်လာတဲ့ မျိုးချစ်စိတ်ဓာတ်

မြန်မာပြည်ရှိ တိုင်းရင်းသားတွေထဲမှာတော့
ဘာသာရေးကို အခြေခံပြီး ပေါ်ပေါက်လာတဲ့
မျိုးချစ်စိတ်ဓာတ်ကတော့ ရှိတော့ ရှိလိမ့်မယ်
ဒါပေမယ့် ရှားပါတယ်။

လူမျိုးရေးကို အခြေခံပြီးပေါ်ပေါက်လာတဲ့
မျိုးချစ်စိတ်ဓာတ်ကတော့ ဒီအချိိန်မှာ ဗမာ
လူမျိုး တွေက လွဲပြီး ကျန်တဲ့ လူမျိုးတိုင်းမှာ
ရှိနေတာတွေ့ရပါလိမ့်မယ်။

လောက်ကိုင်ကို ဗမာမလာရ တို့ ၊ ရခိုင်တွေ
က ဗမာဆိုရင် ဗခွီး လို့ ဆဲတာတို့ ၊ ပလောင်
က ဗမာPDF တွေနဲ့ တိုက်ခိုင်းပြီး နယ်မြေ
ရတဲ့အခါ ပြည်မထဲ ပြန်မောင်းထုတ်လိုက်
တာတို့၊ KNU က ဗမာလူမျိုးလမ်းလုပ်သား
အများအပြားကို အစုလိုက်အပြုံလိုက်
သတ်ဖျက်ခဲ့တာတို့ ၊ ဗမာPDF တွေ ကို
မယုံလို့ KNU စစ်ကြောင်း အသီးသီး ဆီ
ခွဲထုတ်ပစ်လာတွေဟာ သူတို့ လူမျိုးရေး
အရ ပေါ်ပေါက်လာတဲ့ မျိုးချစ်စိတ်ဓာတ်
ကြောင့် ဗမာတွေ အသုံးချခံနေရခြင်းဖြစ်
တယ်။

လူမျိုးရေး က ပေါ်ပေါက်လာတဲ့ မျိုးချစ်
စိတ်ဓာတ် ဟာ ဘောင်ကျဥ်းပေမဲ့ ထိထိ
ရောက်ရောက် ဆောင်ရွက်နိုင်လို့
အလုပ်ဖြစ်တယ်လို့ ပြောရမှာပါ။

ဒီကာလ ဗမာတွေ စည်းလုံးမှု
ပျက်ပြားနေချိန်မှာ ပိုအလုပ်ဖြစ်နေတာ
တွေ့ရပါလိမ့်မယ်။

ဗမာတွေကတော့ နိုင်ငံ/ပြည်ထောင်စု ကို
အခြေခံပြီး ပေါ်ပေါက်လာတဲ့ မျိုးချစ်
စိတ်ဓာတ် ဖြစ်လို့ ဒီကာလ မှာ အလှမ်း
ကျယ်လွန်းပြီး အလုပ်မဖြစ်ရတာဟာ အစိမ်း
အနီ ဆိုပြီး နှစ်ခြမ်းကွဲသွားလို့ ၊ နှစ်ဖက်
စလုံးကတော့ ဒီမိုကရေစီ ဖက်ဒရယ်လို့
ပြောကြပေမဲ့ အာဏာနိုင်ငံရေး အောက်
မှာ ညှိနှိုင်းမရတော့ တစ်နိုင်ငံ လုံး ကို
လွှမ်းခြုံ မသက်ရောက်နိုင်တော့ဘဲ ယခုလို
သူတစ်လူ ငါတစ်မင်း စရိုက်တွေနဲ့
သူပုန် သူကန် ထမှုနဲ့ ကြုံတွေ့လာရတာပဲ။

ဒီတော့ ဘာလုပ်သင့်သလဲ။

အများကြီးမစဥ်းစားပါနဲ့။

ဗမာလူမျိုးစည်းလုံးညီညွတ်ရေး ကို
ဦးစားပေးလုပ်ရတော့မယ်။၂၀၁၄
သန်းခေါင်စာရင်းအရ ၅၁ သန်းမှာ ဗမာ
က ၇၀% နီးပါး ရှိလို့ ၃၅ သန်းနီပါးရှိတယ်။
အဲဒီ ၃၅ သန်း ရဲ့ အားကို ရေပတ်မဝင်
စည်းရုံးနိုင်အောင်လုပ်ကြည့်ပါလား။
အဲဒီ ၃၅ သန်း အားကြောင့် ကျန် ၁၆သန်း
လောက် ဟာ လည်း အခုလို သူပုန် သူကန်
ထ ဖို့ စဥ်းစားဝံ့မှာ မဟုတ်တော့ဘူး။

ဒါကြောင့် အရင်ဆုံးလုပ်သင့်တာ က
ဗမာလူမျိုးတွေကို လူမျိုးရေးကို အခြေခံ
တဲ့ မျိုးချစ်စိတ်ဓာတ် အရင်မွေးဖွားလာ
အောင် ပြန်လည်း အသက်သွင်းရမယ်။ဗမာကို
စုစည်းနိုင်ရင်ပဲ တိုင်းပြည် ၇၀% ငြိမ်းချမ်း
သွားပါပြီ။ ပြီးရင် ရေများ ရေနိုင် ၊
မီးများမီးနိုင် ဆိုသလို ကျန် ၃၀ % ကို
ကူးစက်သွားပါလိမ့်မယ်။

အဲဒီအခါ မှ ဗမာလူမျိုးတိုင်း ပြောနေ
မျှော်လင့်နေကြတဲ့ တိုင်းရင်းသားတွေကို
ငါတို့ချစ်တယ် ဆိုတဲ့ ပြည်ထောင်စု/
နိုင်ငံ ကို အခြေခံတဲ့ မျိုးချစ်စိတ်ဓာတ်
နဲ့ နိုင်ငံကို ပြန်တည်ဆောက်ကြရမယ်။

အဲဒီချိန်မှပဲ ဒီမိုကရေစီ ဖက်ဒရယ်
ပြည်ထောင်စု ဆိုတဲ့ နိုင်ငံရေး ရည်မှန်းချက်
ဟာ လည်း ရာနှူန်းပြည့်နီးပါး အောင်
မြင်အောင် ဆောင်ရွက်နိုင်ပါလိမ့်မယ်လို့
သုံးသပ်မိ​ပါတယ်။

(ရေးရင်းရှည်သွားပြီ၊ ဒီထက်ရှည်တာကိုတော့
ဒီအပတ်ဂျာနယ်မှာ ရေးပါတော့မယ်)

အောင်နိုင်သူ

Post a Comment

Previous Post Next Post