ပလက်ဝ အထက်ဘက်ခြမ်းကို ဖိတိုက်နေတဲ့ AA ရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ ရခိုင်ပြည်သူတွေ သိသင့်ပြီ


ရခိုင်မှာ အိန္ဒိယရဲ့ ဝင်ရောက်စိုးမိုးမှုကို မလိုချင်တဲ့ တရုတ်ကြီးက ကုလားတန်စီမံကိန်းကို AA နဲ့ နှောင့်ယှက်ခိုင်းတယ်လို့ တွေးကြည့်လို့ရတယ်။ AA လော်ဘီတွေ လော်နေသလို ရခိုင်ပြည်နယ်လွတ်မြောက်ဖို့တို့၊ ရခိုင်လူမျိုးကောင်းစားရေးတို့ဆိုတာ သူတို့ထောက်ခံမှုရအောင် ဝါဒဖြန့်နေခြင်း သက်သက်ပဲ အခြားဘာမှမရှိဘူး။

AA ဟာ အမျိုးသားရေးကို ဗန်းပြပြီး တရုတ်ရဲ့အလိုကျ လုပ်ပေးနေရတဲ့ ကြေးစားလက်နက်ကိုင်အဖွဲ့သာသာပဲ။ ပိုပြီးတိတိကျကျပြောရရင် အမျိုးသားရေးအကြောင်းပြပြီး ထောက်ခံမှုရအောင်လုပ်တယ်၊ အဖရခိုင်နိုင်ငံတော်ပြန်ထူထောင်ဖို့ဆိုပြီး လှုံ့ဆော်နေပေမယ့် တရုတ်အလိုကျ တိုက်ကွက်ဖော်ပေးပြီး ရခိုင်ပြည်သူတွေကို စစ်ဘေးဒဏ် ခံစားခိုင်းတယ်။ တခြားမကြည့်နဲ့ ရခိုင်နိုင်ငံပြန်ထူထောင်မယ်လို့ ကြွေးကြော်ထားတဲ့ AA ခေါင်းဆောင် ထွန်းမြတ်နိုင်နဲ့ ညိုထွန်းအောင်တောင် ရခိုင်မြေထဲကို ခြေမချရဲပဲ လိုင်ဇာမှာ ကုပ်ကပ်နေတာသာ ကြည့်တော့။

စစ်ခေါ်ရင် စစ်လာတယ် …. စစ်က ရန်သူမိတ်ဆွေ မခွဲခြားဘူး အရာအားလုံးကို ခြေဖျက်ပစ်တယ်ဆိုတာ သဘောပေါက်ဖို့လိုတယ်။

#western24news

Post a Comment

Previous Post Next Post