သံဘိုရွာ ဘာလို့ အတိုက်ခံရလဲ


ပြင်ဦးလွင် - မိုးကုတ်လမ်း၊ နောင်ချိုမြို့ နယ်၊ သံဘိုရွာနဲ့ မလှမ်းမကမ်းရှိ ဆီးဖြူရေရွာနှင့် ဆက်စပ်ရွာတွေနားမှာ TNLA/ Mdy pdf ခန့်မှန်းအင်အား ၈၀၀ နီးပါးလောက် လှုပ်ရှားနေသည်မှာ ကြာပါပြီ။ ရှေ့ဆက်သွား ဟိုခိုရွာဝန်းကျင်ဆို ပိုဆိုးပါတယ်။

၄င်း ဆီးဖြူရေရွာဝန်းကျင်သည် မတ္တရာသို့
ဆက်သွယ်သွားလာနိုင်သည့် လမ်းကြောင်း
ပေါ်တွင်လည်း ရှိပါတယ်။

မိမိတို့အတွက်က ပြသနာပါ။ ရန်သူအတွက်
က အခွင့်အရေးကောင်းပါ။

#မိမိအတွက်ပြသနာ

တိုင်းနှစ်တိုင်း ဆက်စပ်နယ်မြေဖြစ်ပြီး
လပခ လိုလို၊ ရမခ လိုလို နေရာပါ။
လပခ ကလည်း POL လိုလို လုပ်နေတာပါ။
မြေပြင်က သူတွေ ပိုသိမှာပါ။

အဆိုပါ မိမိအတွက် ပြသနာဆိုတာကိုက
ရန်သူအတွက် အခွင့်အရေးဖြစ်နေပြီး
၄င်းဒေသဟာ လွတ်မြောက်နယ်မြေလိုလို
ဖြစ်နေတာ ကြာပါပြီ။

ဒီကြားထဲ အကျဥ်းဦးစီးက စခန်းတွေကို
တိုက်ပြီး နှစ်ကြီးသမားတွေကို အင်အားစုခဲ့ပါသေးတယ်။ ကြာအင်းမှာ စစ်သင်တန်းတွေ၊ အကြမ်းဖက်သင်တန်းတွေ ပေးနေတယ်လို့ ကြားခဲ့ပါတယ်။ အခု တိုက်ကွက် စဖော်တာနေမှာပါ။


ခံစစ်ကျင်းများ အခိုင်အမာပြုလုပ်ထားကြောင်းနှင့် သံဘိုရွာ၏အရှေ့တွင် ရှိပြီး မတ္တရာနယ်နှင့် နောင်ချိုနယ်ဆက်သွယ်
သည့်လမ်းကြောင်းပေါ်တွင် ရှိကြောင်း သိရပါတယ်။

လုပ်၊ မလုပ်ကတော့ ကိုရွှေဘတို့အပိုင်းပါ။
ပြည်သူကတော့ သတင်းပေးပါပြီ။

ယခုဖော်ပြသော Photo များသည် TNLA/PDF ပူးတွဲစခန်းချနေသော ဆီးဖြူရေရွာရှိ မယ်တော်ကြီးကုန်းဖြစ်ပါတယ်။
အရပ်သားတစ်ဦးမှ မမျှော်လင့်ဘဲ ရိုက်မိခဲ့သော ပုံများဖြစ်ပါတယ်။
Crd.

Post a Comment

Previous Post Next Post