အကြမ်းဖက်အုပ်စုတွေ မိုင်းခွဲဖျက်ဆီးလိုက်တဲ့ လမ်းဟောင်းပေါ်က ကွန်ချောင်းတံတား ပြန်လည်ပြုပြင်ပြီးစီး


အကြမ်းဖက်သောင်းကျန်းသူများ မိုင်းခွဲဖျက်ဆီးလိုက်သော ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့တောင်ဘက်အထွက် ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ ကွန်းချောင်းတံတားမှာ ယခုအခါ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ်သဖြင့် မော်တော်ယာဥ်များ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

အရှည် ပေ ၃၀၀ ခန့် ၊ အကျယ် ၅၀ ပေခန့်ရှိ သံကူကွန်ကရစ်အမျိုးအစားဖြစ်သည့် အဆိုပါ ကွန်ချောင်းတံတားကို KNU+ PDF အကြမ်းဖက်များက ပြီးခဲ့သည့် ဇန်နဝါရီ ၄ ရက်ရက် နံနက် အစောပိုင်းက မိုင်းခွဲဖျက်ဆီးလိုက်ခြင်းဖြစ်ပြီး တံတားအရှည် ပေ ၁၀၀ ဝန်းကျင်ခန့် ကျိုးကျပျက်စီးသွားခဲ့ခြင်းဖြစ်သည်။

ထို့သို့ ကျိုးကျပျက်စီးသွားမှုကြောင့် ဖြူးမြို့နှင့် ပဲနွယ်ကုန်းမြို့ကြား လမ်းဟောင်းမှ မော်တော်ယာဉ်များ သွားလာ၍မရတော့သဖြင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှ မောင်းနှင်ခွင့်ပြုခဲ့ရခြင်းပြီး ယထးခုအခါတွင် ပြုပြင်မှုများ ပြီးစီးသွားပြီဖြစ်သဖြင့် ပုံမှန်အတိုင်း ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
#𝙢𝙝𝙩𝙣𝙚𝙬𝙨

Post a Comment

Previous Post Next Post