မ..အ ကြပါနဲ့တော့

ရှမ်းမြောက်မှာ ညီနောင်သုံးဖော်ဆိုပြီး မြန်မာနဲ့သွေးရင်း၊ မြန်မာစာတတ်၊ မြန်မာစကားပြောတတ်ပြီးယဉ်ကျေးမှုမကွဲပြားတဲ့ AA(ရခိုင့်တပ်မတော်က)၊ TNLA တို့ MNDAA တို့ စတဲ့ မြန်မာစကားမပြော၊မြန်မာငွေမသုံး၊ မြန်မာတို့ထုံးနဲ့ လုံးဝမနီးစပ်တဲ့သူတွေနဲ့ ပူးပေါင်းပြီး ညီနောင်သုံးဖော်‌ဆိုပြီး မြန်မာ့တပ်မတော်ကို တိုက်တယ်။

အဲ့အထဲမှာ...ပြည်သူ့ကာကွယ်ရေးတပ်လို့အမည်ခေါ်တဲ့ PDF(မြန်မာလူငယ်အများစု)ကပါ..လက်တွဲပြီး
တိုက်တယ်။

ဘယ်သူပဲရှုံးရှုံး၊ဘယ်သူပဲနိုင်နိုင်..
သေဆုံးသွားတဲ့ လူတွေဟာ မြန်မာတိုင်းရင်းသားအများစုမို့ ကြည့်ရင်း ရင်နာရတယ်။

အခု..မြန်မာ့တပ်မတော်က စခန်းတွေဆုတ်ခွာလို့
ရှမ်းမြောက်တစ်ခုလုံး ညီနောင်သုံးဖော်ကသိမ်းပိုက်လိုက်ပါပြီတဲ့...ဘယ်အစိတ်အပိုင်းမှာ၊ဘယ်နေရာမှာ
"ချင်းအမျိုးသားအလံ ထောင်ခဲ့ရလဲ"
"ရခိုင်အမျိုးသားအလံ ထောင်ခဲ့ရလဲ"
"PDF အလံ ထောင်ခဲ့ရလဲ"
ကျွန်မ မြင်တာတော့..MNDAA နဲ့ TNLA အလံ
တွေကြီးပဲ။

မြန်မာပြည်က ပြည်သူတွေအတွက် တော်လှန်ရေးလုပ်တာပါဆို...
အခု..အဲ့နယ်မှာ..ဗမာမလာရ၊မြန်မာစကားပြောသူမဝင်ရ၊မြန်မာပိုက်ဆံမသုံးရ။
မြန်မာတို့ကိုးကွယ်တဲ့ ဘာသာတရားတွေကို ဖျက်စီးကြ။
မြန်မာတစ်မျိုးသားလုံးကို ကိုယ်စားပြုခဲ့တဲ့..ကိုယ်စား
ပြုထားတဲ့..
"မြန်မာနိုင်ငံတော်အလံ" ကို နင်းချေပစ်လိုက်ကြပြီလေ။

အခုထိ..ဝမ်းသာအားရ ရှိနေကြတုန်းလား။

ဝမ်းနည်းစရာ သိပ်ကောင်းပါတယ်။
အသင်းအဖွဲ့ချင်း။
အဖွဲ့အစည်းချင်း။
လူပုဂ္ဂိုလ်ချင်း။
အမုန်းတရားတွေနဲ့...အချင်းချင်း tတ်နေကြရုံနဲ့..

ကျွန်မ တို့အားလုံး လိုချင်ကြတဲ့
"ခေတ်မီပြီး ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံ‌ေတာ်ကြီး"
ရမှာတဲ့လား။

မြန်မာအချင်းချင်း တစ်ယောက်နဲ့တစ်ယောက် အပြစ်တင်လို့ မပြီးနိုင်။tတ်လို့ မပြီးနိုင်သေးခင်မှာပဲ
ရှင်တို့ ကျွန်မတို့ လုံးဝနားမလည်တဲ့ ဘာသာစကားတွေနဲ့...
ရှင်တို့ ကျွန်မတို့ကို  လုံးဝမှ ကိုယ်စားမပြုတဲ့အလံတွေ
ထောင်သွားကြပြီလေ။

ဖြစ်ဖြစ်သမျှ...ရောဂါဘေး ၊ ရေဘေး ၊ သဘာဝဘေး
တွေ..
အရေးကြီးရင် သွေးနီးခဲ့ကြတာတွေမှာ...
မြန်မာပြည်ထဲက..မြန်မာတိုင်းရင်းသားစစ်စစ်တွေက
လွဲပြီး.. ဘယ်သူက ရှေ့ဆုံးကနေ ကူညီမှာတဲ့လဲ။

သတ္တိတွေတအားရှိကြတဲ့..မြန်မာ(တိုင်းရင်းသားအားလုံး)
တိုက်မဲ့တိုက်..သူစိမ်းတွေကို တိုက်ကြစမ်းပါ။

မ..အ ကြပါနဲ့တော့။

ယဉ်မင်း(ပန်းတောင်း)

Post a Comment

Previous Post Next Post