လက်နက်ကိုင်ထားရင် တိုင်းရင်းသားမဟုတ်ဘူး...သူပုန်ပဲ


တိုင်းရင်းသားအခွင့်အရေးလိုချင်ရင် ငြိမ်းချမ်းစွာတောင်းဆိုရမယ်။ လက်နက်ကိုင်ထားရင် သူပုန်ပဲ။
လက်နက်ကိုင်ထားပြီး လူထုကို အနိုင်ကျင့်၊ ပဒေသရာဇ်ခေတ်ကလို ငါနိုင်တဲ့မြေ ငါ့မြေလုပ်နေသူများဟာ ဘာတိုင်းရင်းသားမှမဟုတ်ဘူး။ သူပုန်ပါပဲ။

ပါးစပ်ကပြောတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တဲ့။ လက်နက်အင်အားတောင့်လာတော့ ငါနိုင်တဲ့မြေ ငါ့မြေဆိုပြီး တခြားလူမျိုးတွေရဲ့နယ်မြေကို လိုက်သိမ်းကြတယ်။ ဗမာမဝင်ရဆိုပြီး နှင်ထုတ်၊ ဘုရားစေတီတွေကို ဖျက်စီး။ ဒါတွေကို အနာဂတ်မှာ ‌တပ်မတော်ကို ခေါင်းဆောင်မယ့် အရာရှိများ သေအောင်ကြည့်ထား၊ မြင်အောင်ကြည့်ထားကြပြီး သေတဲ့အထိ မှတ်ထားကြပါ။

အခုခေါင်းဆောင်တွေကတော့ လက်နက်ကိုင်ထားသူတွေကိုသာ တိုင်းရင်းသားဆိုပြီး ချော့ပေါင်းနေတာပဲတွေ့ရ။ လက်နပ်ကိုင်ထားသူတွေကို တိုင်းရင်းသားလို့ မြင်နေတဲ့ သူတို့ရဲ့ mindset က ပြင်မရဝောာ့ပါဘူး။ အဲဒီလက်နပ်ကိုင်ထားတဲ့ သူပုန်တွေက မတရားအနိုင်ကျင့်နေတဲ့ လူထုရဲ့ဘဝကို သူတို့ စာနာနိုင်စွမ်းမရှိကြ။

ဘာတိုင်းရင်းသား၊ ညာတိုင်းရင်းသား လုပ်မနေနဲ့ လက်နက်အင်အားတောင့်လာရင် သင်တို့ကို နင်းချေသွားမယ့်အဖွဲ့ချည်းသာ။
ငြိမ်းချမ်းစွာ တောင်းဆိုရင်တော့ တမျိုးစဉ်းစားရမယ်။

အရှင်းဆုံးက နောင်မှာ တိုင်းရင်းသားဆိုတာ မရှိပဲ အမေရိကန်မှာလို နိုင်ငံသားဆိုတာပဲ ရှိတဲ့အထိ ပတ်ကြမ်းတိုက်သင့်ပါကြောင်း။
crd$

Post a Comment

Previous Post Next Post