ရှမ်းမြောက်ဒေသ အမွေခွဲကြခြင်း


ဗဟိုအစိုးရအာဏာမသက်ရောက်၊
တပ်မတော် မရှိတော့တဲ့ဒေသတွေမှာ တစ်နယ်တစ်မင်းအာဏာလုပွဲတွေနဲ့စစ်ခင်းနေကြရမယ်ဆိုတာ လေ့လာသုံးသပ်သူတွေက မကြာခန ရေးသားတင်ပြခဲ့ကြတဲ့အတိုင်း အခုလက်တွေ့ ဇာတ်လမ်းတွေစလာပြီဖြစ်ပါတယ်။

အစိုးရအာဏာမသက်ရောက်၊တပ်မတော်မရှိတော့တဲ့နယ်မြေတွေမှာ နယ်လုပွဲအာဏာလုပွဲတွေ အပြိုင်အဆိုင်ဆက်တိုက်ပေါ်ပေါက်လာတော့မှာ ဖြစ်ပါတယ်။

ချင်းမှာချင်းအဖွဲ့တွေအများကြီးကွဲနေတာစေ့စပ်လို့မရသလို (ဇန်၂၄မနက်မှာ လိုင်လင်းပီစစ်ဆေးရေးဂိတ်စောင့်CNA (CNF) နဲ့CDFအဖွဲ့ကို သူတို့နယ်မြေထဲလာနေလို့ဆိုပြီးချင်းMDFအဖွဲ့က ပစ်ခတ်လို့၂ယောက်သေဆုံးခဲ့) ရခိုင်မှာ ရခိုင်အဖွဲ့တွေကွဲနေပါတယ်။ကချင်မှာလည်းKIAကိုဆန့်ကျင်တဲ့လီဆူးရဝမ်နဲ့ရှမ်းနီလက်နက်ကိုင်အဖွဲ့တွေရှိပါတယ်။

ရှမ်းမြောက်ဒေသမှာ စုံလင်လှတဲ့လူမျိုးပေါင်းစုံလက်နက်ကိုင်အဖွဲ့ပေါင်းစုံ ပြဿနာက ပိုရှုတ်ထွေးပါတယ်။ကိုးကန့် နဲ့ ဝ က သီးခြားနယ်မြေလို နေထိုင်မှုရှိကြသေးပေမယ့် ကျန်လူမျိုးတွေကရှမ်းပြည်နယ်အနှံ့ပြန့်နှံနေထိုင်ကြတာဖြစ်လို့ လူမျိုးအလိုက်နယ်မြေခွဲဝေအုပ်ချုပ်ဖို့ က အလွန်ရှုပ်ထွေးလာမှာဖြစ်ပါတယ်။

ရှမ်းမြောက်မှာရှေးယခင်ကတည်းက ကချင်လူမျိုးများနေထိုင်ကြတာဖြစ်လို့ KIAကလည်းKIA တပ်မဟာ၄ နယ်အဖြစ် သတ်မှတ်ပါတယ်။သိန္နီကွတ်ခိုင်ကို MNDAAနယ်အဖြစ်သတ်မှတ်ခြင်း၊နမ့်ခမ်းကို TNLAအဖြစ်သတ်မှတ်ခြင်းတွေကို ကြိုးကိုင် ဆရာကြီးကိုကြောက်လို့သာယာယီ အခိုက်အတန့် ငြိမ်နေကြပေမယ့် KIAနဲ့ SSPPက လက်ခံမှာမဟုတ်တဲ့အတွက် တစ်ချိန်မှာထချကြအုံးမှာသေချာပါတယ်။

တရုပ်နဲ့ အဓိက ကုန်သွယ်လမ်းမကြီးဖြစ်တဲ့
မူဆယ် လားရှိုး ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ကွတ်ခိုင်သိန္နီကို MNDAAကသိမ်းထားပြီးအုပ်ချုပ်ရေးတည်ဆောက်နေချိန်မှာနမ့်ဖတ်ကာကို KIAကသိမ်းလိုက်ပါတယ်။(အစိုးရဘက်ကတော့ တရုပ်မြန်မာနယ်စပ်ကုန်သွယ်ရေးပြန်လုပ်မယ်လို့ပြောထားတယ်၊ဘယ်လိုလုပ်မှာလဲတော့မသိ)

စစ်ရေးအရသိမ်းပိုက်နိုင်သူက သူပိုင်နယ်မြေလို့ သတ်မှတ်ကြတာဖြစ်လို့ တစ်ခုတည်းကျန်တဲ့အစိုးရရဲ့မူဆယ် နယ်စပ်မြို့ ကိုလည်းဘယ်အဖွဲ့ကလက်ဦးမှုယူသိမ်းမလဲဆိုတဲ့အခြေအနေဖြစ်နေပါတယ်။

TNLAက နမ့်ခမ်း၊မန်တုံ၊နမ့်ဆန်၊နမ္မတူနဲ့ကျောက်မဲအနီးကမိုင်းငေါ့ကိုသိမ်းထားသလိုကျောက်မဲသီပေါကိုမျက်စောင်းထိုးနေပါတယ်။ UWSAကလည်း ကျည်တစ်တောင့်မဖောက်ရဘဲ အစိုးရ အုပ်ချုပ်မှုအောက်မှာရှိနေတဲ့ ဟိုပန်၊ပန်လုံကို သိမ်းယူအုပ်ချုပ်ခွင့်ရသွားတာ တွေ့ရပါတယ်။

ဟိုပန်ပန်လုံမှာရှိနေတဲ့ နိုင်ငံရေးပါတီဝင်တွေကိုခေါ်တွေ့ပြီး အားလုံးUWSPပါတီဝင်ရမယ်၊လက်ရှိနိုင်ငံရေးပါတီတွေကနူတ်ထွက်ရမယ်လို့ UWSP က အမိန့်ထုတ်ထားသလိုအစိုးရ စာသင်ကျောင်း တွေမှာ နိုင်ငံ တော်အလံဖြုတ်ချပြီး UWSPအလံလွှင့်တင်အလေးပြုနေရတဲ့ပုံတွေတက်လာတဲ့အတွက် ဟိုပန်ပန်လုံရှိ ဆရာဆရာမများအစိုးရဝန်ထမ်းများအရေးကို ဘယ်လိုဆက်လုပ်ကြမှာလဲတော့မသိပါ။

MNDAA ကိုးကန့်ပြန်သိမ်းခြင်းဟာ ဖုန်မျိုးနွယ်က အခြားမျိုးနွယ်များထံမှ အာဏာပြန်ရယူရေးဖြစ်ပါတယ်။ဒီမိုကရေစီ၊ဖက်ဒရယ်နဲ့ဘာမှ မဆိုင်ဘဲ စစ်ဘုရင်ဝါဒီ ဘိန်းစီးပွားရေးနဲ့ပဲဆက်သွားမှာဖြစ်ပါတယ်။ကိုးကန့်မှာဘယ်မျိုးနွယ်က အာဏာရရ မူးယစ်ဆေးဝါးလောင်းကစားဒုစရိုက်စီးပွားရေးနဲ့ပဲရပ်တည်ကြတာဖြစ်တဲ့အပြင် ယခင်ဖုန်မျိုးနွယ်အာဏာရခဲ့စဉ်ကာလတွေကလည်း မူးယစ်ဘိန်းစီးပွားရေးလုပ်ငန်းတွေအကြီးအကျယ် သိမ်းဆည်းရမိခဲ့တဲ့သမိုင်းတွေအရ ဒါပဲဆက်လုပ်သွားမှာသေချာပါတယ်။ကိုးကန့်သမိုင်းအရလည်းတရုပ်သိုင်းကားလက်စားချေပွဲတွေလိုအပြန်အလှန် မျိုးနွယ်စုအာဏာလုပွဲတွေ နဲ့သာ ဖြတ်သန်းခဲ့ကြတာဖြစ်လို့ အခု ကျရှုံးသွားတဲ့မျိုးနွယ်စုတွေကို ဘယ်လောက်ပဲ လက်စတုန်းဖျောက်ဖျက်ပေမယ့်တစ်ချိန်မှာ ဖုန်မျိုးနွယ်ကို ပြန်အာဏာလုကြအုံးမှာဖြစ်ပါတယ်။

ရှမ်းမြောက်နယ်မြေအမွေခွဲနေမှုမှာTNLA,MNDAAနဲ့  UWSAက အပေးအယူမျှ အဆင်ပြေနေကြပါတယ်။UWSAကဆရာကြီးအနေ အထား ဖြစ်လာတော့ ဝ ပြည်နယ်တောင်းတဲ့ထဲပါနေတဲ့ တန့်ယန်းမိုင်းရယ်လားရှိုးကို သူ့အတွက်ချန်ထားပေးသလို တွေ့ရပါတယ်။(ဝပြည်နယ်တောင်း ဆိုချက်မှာကျိုင်းတုံလည်းပါပါတယ်)

KIA က မိုးမိတ်မဘိမ်း နမ့်ဖတ်ကာနဲ့ရသလောက်ဆက်ယူမှာဖြစ်လို့ ရှမ်းပြည်နယ်မှာရှမ်း SSPP(SSA) အတွက်အရိုးအရင်းတောင်မကျန်တော့တဲ့သဘော ဖြစ်ပါတယ်။

ဒီအဖွဲ့တွေအားလုံးဟာသိမ်းပိုက်နယ်တွေမှာဒေသခံလူထုဆန္ဒအရ အုပ်ချုပ်သူ ရွေးပါ ဆိုပြီး ဒီမိုကရေစီနည်းကျ မဲပုံးထောင်ရွေးကောက်ပွဲလုပ်ပေးမှာမဟုတ်ဘဲ ရာသက်ပန် လက်နက်ပြ အုပ်ချုပ် သွားမှာဖြစ်လို့ လက် နက် နဲ့ အနိုင်ရအောင်တိုက်နိုင်သူပေါ်လာမှသာ အာဏာစွန့်မှာ ဖြစ်ပါတယ်။

လူမျိုးအလိုက်လက်နက်ကိုင်အဖွဲ့တွေဟာ စစ်အာဏာရှင်ကျဆုံးရေး၊ဗမာလူမျိုးကြီးဝါဒတိုက်ဖျက်ရေး၊ဖက်ဒရယ်ဒီမိုကရေစီရေး ခေါင်းစဉ်တွေတပ် နေပေမယ့် လူမျိုးစုချင်းသာမက လူမျိုးတူချင်းပင်အပြန် အလှန်တိုက်ခိုက်နေကြတာ ဖြစ်လို့ ဗဟိုအစိုးရအာဏာမသက်ရောက်၊တပ်မတော်မရှိတော့တဲ့နယ်မြေတွေမှာ နယ်မြေလုပွဲ အာဏာလုပွဲ စစ်ပွဲတွေ ဆင်နွှဲပြီး တစ်တောတစ်ဖတွန်၊တစ်ရွာတစ်မင်းဝါဒတည်ထောင် လာကြ မှာ ဖြစ်တဲ့အတွက် တပ်မတော်ကပြန်လည် မသိမ်းပိုက်နိုင်တော့ရင် ပြေးစရာမြေမရှိပေးစရာငွေမရှိတဲ့

သူပုန်သိမ်းပိုက်အုပ်ချုပ်နယ်မြေက ပြည်သူလူထု အတိဒုက္ခရောက်ကြရေ
တာ့မှာ ဖြစ်ပါတယ်။

crd#ThaungLwinHein

Post a Comment

Previous Post Next Post