မြောက်သုံးဖွဲ့နဲ့ NUG


ပြည်ပကြိုးကိုင်မှုနဲ့ မြောက်သုံးဖွဲ့စစ်ရေးလှုပ်ရှားမှုကို နွေဦးတော်လှန်ရေးဒီမိုကရေစီရေးလို့ ရောကြိတ်နေကြတာ ပြည်ဖျက်မီဒီယာတွေကဝိုင်းအော်နေကြတာ ယုံသူတွေယုံနေကြတာ ဟာ နိုင်ငံရေးရေချိန်ဘယ် လောက်နိမ့်ကျနေတယ် ဆိုတာဖော်ပြနေတာပဲ ဖြစ်ပါတယ်။

MNDAAကကျဥ်းမြောင်းတဲ့လူမျိုးရေးအမြင် နဲ့ ကိုးကန့်မှာ ဗမာမနေရလုပ်သလို ဘုရားစေတီပါဖျက်ဆီးတဲ့အထိ စော်ကားရိုင်းစိုင်းပြနေပေမယ့် ဒီမိုကရေစီရေးတိုက်ပွဲဝင်တယ်လို့ NUGက မျက်စိမှိတ်အော်နေဆဲ ဖြစ်ပါတယ်။

စစ်အာဏာရှင်ကျဆုံးရေး ဘုံရည်မှန်းချက်တူတယ် ဆိုပြီးရန်သူရဲ့ရန်သူဟာ မိတ်ဆွေ လုပ်နေကြပေမယ့် NUGနဲ့ မြောက်သုံးဖွဲ့ဟာ ဝါဒရေးရာ ဆန့်ကျင်ဘက်တွေ ဖြစ်ကြလို့ ဘယ်လိုမှ ပေါင်းလို့မရဘဲ အမေရိကန် အုပ်စုနဲ့တရုပ်အုပ်စုအဖြစ် စစ်ခင်းကြအုံးမှာသေချာပါတယ်။

NUG,KNU,KNPP,CNF တွေက အမေရိကန်အုပ်စု၊MNDAA,UWSA,NDAAက တရုပ်အုပ်စု၊KIAက နှစ်ဖက် ခွ၊AAနဲ့TNLAက KIA မွေးထုတ်ပြီး UWSAတပည့် ဆိုတာလေ့လာ သူတိုင်း အလွယ်တကူ သိနေကြတာဖြစ်ပါတယ်။

ဒီအုပ်စုကြီးနှစ်ခုဟာ ဟန်ဆောင်ပန်ဆောင် မိတ်ဆွေ လို နေကြပေမယ့် ၁၀၂၇ အောင်မြင်လာတာနဲ့အမျှ NUGက နေရာအတင်းဝင်ယူဖို့ကြိုးစားလာတာကို မြောက်သုံးဖွဲ့က စာရင်းမသွင်းဘဲ ဘေးဖယ်ထားတာ ကို မြင်နေကြရတာဖြစ်ပါတယ်။

BRIလမ်းကြောင်းကိုတရုပ်က အောင်မြင်အောင်လုပ်မှာ ဖြစ်သလို အမေရိကန်ကလည်း ပျက်အောင်ဖျက်မှာ ဖြစ်လို့ အကယ်၍သာ သူတို့အော်နေတဲ့စစ်အာဏာရှင်ဆိုတာ ကြီးကျဆုံးသွားရင် တရုပ်မြန်မာကြားခံစစ်ပွဲ အဖြစ် စစ်မီးလျှံမြန်မာပြည် ပြာပုံအတိကျန်ရစ်မှာဖြစ်ပါတယ်။

အစိုးရနဲ့တပ်မတော်က ဒီအုပ်စုနှစ်ခုကို နိုင်အောင်တိုက်နိုင်ရင်တိုက်၊မတိုက်နိုင်လို့ကျရှုံးရရင် တရုပ်အမေရိကန်ကြားခံစစ်ပွဲနဲ့ ဆီးရီးယားလစ်ဗျားထက်ဆိုးတဲ့ တိုင်းပြည်အဖြစ် ပြည်သူတွေအတိဒုက္ခရောက်ကြရတော့မှာ ဖြစ်လို့ စစ်အနိုင်တိုက်ရေးဟာ သေရေးရှင်ရေးတမျှ အရေးကြီးနေပြီဖြစ်ပါတယ်။

#ThaungLwinHein

Post a Comment

Previous Post Next Post