*နီညိုရောင် အိမ်ခေါင်မိုးတွေနဲ့ အိမ်မက်ဆန်ဆန်လှနေတဲ့ ကျောက္ကချားရွာလေး (သို့မဟုတ်) အကြမ်းဖက်သမားတွေ မဖျက်ဆီးခင်က ကျောက္ကချားရွာရဲ့ အလှအပများ*



ကျောက္ကချားရွာလေးဟာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာအုပ်စုအောက်မှာ ရှိတဲ့ ပအိုဝ်းရွာလေး တစ်ရွာဖြစ်ပါတယ်။ ကျောက္ကချားရွာဟာ အိမ်ခြေ ၇၀၀ ကျော်ခန့်ရှိကာ အိမ်များ အားလုံးဟာလည်း ပုံစံတူသစ်သားအိမ်များဖြစ်ပြီး ရေနံချေးသုတ်ထားတဲ့ ရှေးဟောင်းအိမ်များ ဖြစ်ကြ ပါတယ်။
-
စိမ်းဆိုပြီး စိုစွတ်လှပတဲ့တောင်တန်းတွေကြားမှာ အိမ်ခေါင်မိုးနီနီလေးတွေကြောင့် ပိုပြီးအမြင်ဆန်းနေသလို သန့်ရှင်းသပ်ရပ်တဲ့အတွက် ခရီးသွားပြည်သူတွေ သဘောကျနှစ်ချိုက်တဲ့ နေရာလေးတစ်ခုဖြစ်ပါတယ်။
-
ရွာလေးက မဲနယ်တောင်ရဲ့ တောင်ခြေမှာရှိပြီး ဘေးပတ်ချာလည်မှာ တောင်ကုန်းတွေဝန်းရံထားတာမို့ ချိုင့်ထဲမှာရှိနေတဲ့ ရွာပုံစံလေးဖြစ်နေပါတယ်။ ရွာအဝင်မှာလည်း နှစ်တစ်ရာကျော်သက်တမ်းရှိတဲ့ တိုင်တစ်ရာ “နမ်းဟုတ်” ဘုန်းကြီးကျောင်းလည်းတည်ရှိပြီး လူတစ်ဖက်လောက် တိုင်လုံးကြီးတွေအများကြီးနဲ့ ကျောင်းကြီးက ကြီးကျယ်ခန်းနားလှပါတယ်။ ကျောင်းအတွင်းမှာ ဉာဏ်တော် ဆယ်ပေလောက်ရှိတဲ့ ရှေးဟောင်းနှီးဘုရား သုံးဆူရှိပြီး သားဆုပန်ရင် ဆုတောင်း ပြည့်တယ်လို့သိရပါတယ်။ ပအိုဝ်းလူမျိုးတွေရဲ့ ရိုးရာယဉ်ကျေးမှုတွေကို မြင်တွေ့နိုင်တဲ့ ရှေးဟောင်းကျေးရွာလေးတစ်ရွာဆိုရင်လည်း မမှားပါဘူး။
-
ဆောင်းရာသီမှာ ပွင့်တဲ့ ချယ်ရီပန်းလေးတွေရဲ့အကြောင့် ပိုပြီး လှပတင့်တယ်နေသလို သဘာဝနဲ့ နီးကပ်တဲ့ ကျေးရွာလေးတစ်ရွားပဲဖြစ်ပါတယ်။ ဒေသခံ ပအိုဝ်းတိုင်းရင်းသားတွေဟာ ယဉ်ကျေးဖော်ရွေပြီး တောင်ယာလုပ်ငန််းကို အဓိကထား လုပ်ကိုင်ကြသလို ရှားပါးနေပြီဖြစ်တဲ့ ပအိုဝ်းရိုးရာအမွေအနှစ် အိမ်တွေကို ထိန်းသိမ်းထားတဲ့အတွက် ရိုးရာအမွေတွေ ပြည့်နေတဲ့ ရွာလေးတစ်ရွာလို့လည်း ပြောရပါမယ်။
-
ဒါအပြင် မိုးရာသီမှာဆိုရင်လည်း ရွားနားမရောက်ခင်ရှိတဲ့နေတဲ့ စပါးခင်းတွေကလည်း ခရီးသွားပြည်သူ တွေရဲ့စိတ်ကို ဖမ်းစားစေတဲ့ ရှု့ခင်းတစ်ခုဖြစ်ပါတယ်။ ကျောက္ကချားရွာရဲ့ လှပခန့်ညားမှုကို အပေါ်စီးကနေ ကြည့်ရှု့နိုင်ဖို့ အမြင့်ပေ ၈၂၆၃ ပေ ပေါ်မှာရှိတဲ့ လွယ်မိုင်းတောင်ထိပ်မှာ ViewPoint တည်ဆောက် ပေးထားပြီး မနက်ခင်းစောစောနဲ့ နေဝင်ချိန်မှာ သဘာဝရဲ့ အလှအပတွေကို ကောင်းကောင်းခံစား ကြည်ရှု့နိုင်ပါတယ်။
-
သီတင်းကျွတ်လပြည့်ညတွေမှာလည်း ဒီရွာလေးမှာ ဖြတ်သန်းမယ်ဆိုရင်တော့ မေ့မရနိုင်တဲ့ နေ့စွဲလေးအဖြစ် အမှတ်တရ ရှိနေဦးမှာပါ။ ရှားပါးတဲ့ ရိုးရာအိမ်တွေကို လက်ဆင့်ကမ်းထိန်းသိမ်းထားတဲ့ရွာမို့ သန့်ရှင်းသပ်ရပ်နေသလို ကျောက္ကချားရွာကို ဒေသခံ ပအိုဝ်းတိုင်းရင်းသားတွေက “မိုင်းကောင်” လို့ခေါ်ဆိုပြီး မြန်မာလိုဆိုရင် မဲနယ်တောင် လို့ အဓိပ္ပာယ်ရပါတယ်။
-
ကျောက္ကချားရွာလေးဟာ ပင်လယ်ရေမျက်ပြင် အမြင့်ပေ ၈၂၀၀ ကျော်မှာရှိပြီး ချယ်ရီပန်း၊ တောင်ဇလပ် ပန်းတွေနဲ့ အရိုင်းဆန်ဆန်လှပနေတဲ့ ရွာလေးတစ်ရွာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။
-
နောက်အပိုင်းတွင် အကြမ်းဖက်သမား PNLO/PNLA /KNPP/KNDF များ ဖျက်ဆီးမှုကြောင့် ပျက်စီးသွားတဲ့ ကျောက္ကချားရွာအကြောင်းထပ်မံကို ဖော်ပြပေးပါမယ်။

Post a Comment

Previous Post Next Post