ဘင်္ဂါလီတွေကို နိုင်ငံတော်အဆင့်တောင်းပန်မယ်ဆိုတဲ့ NUG နဲ့ NUCC အကွဲအပြဲ၊ နေပြည်တော်တိုက်ခိုက်ခံရမှုနဲ့ ထိုင်းနိုင်ငံက အဖြေ




"NUCC မှာပါတဲ့ CRPH အဖွဲ့အတွင်းရေးမှူးဒေါ်ဖြူဖြူသင်းနဲ့ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနတို့ဟာ ပြည်သူ့ဂုဏ်ရည်အဖွဲ့က လှုဒါန်းထားတဲ့ အမေရိကန်ဒေါ်လာ ကိုးသန်း အလွဲသုံးစားလုပ်ပြီး စာရင်းမရှင်းနိုင်တဲ့အပေါ် ဝေဖန်မှုတွေပေါ်နေချိန်မှာ NUG ကို NUCC က ဝေဖန်ကြိမ်းမောင်းလာတာပါ။ တကယ့်တကယ်မှာလည်း NUG ထိပ်ပိုင်းတွေနဲ့ တော်လှန်ရေးခေါင်းဆောင်ဆိုသူတွေဟာ ပြည်သူ့အလှုငွေကို ကိုယ်ကျိုးရှာအလွဲသုံးစားလုပ်တာ၊ အောက်ခြေ PDF တွေကလည်း မုဒိမ်းမှု၊ လူသတ်မှု၊ ဆက်ကြေးကောက်မှု ဇာတ်ရှုပ်တွေနဲ့ ရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီး တခြားတိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ တိုက်ခိုက်သိမ်းယူနိုင်မှုအပေါ်မှာပဲ အမြတ်ထုတ် နာမည်ကောင်းယူနိုင်တဲ့အဆင့်ပဲ ကျန်တော့တဲ့အခြေအနေပါ။ အခြားတစ်ဖက်မှာလည်း NUG နဲ့ NUCC က ဘင်္ဂါလီတွေကို နိုင်ငံတော်အဆင့်တောင်းပန်မယ်ဆိုပြီး မဆီမဆိုင်တဲ့ စကားစုတွေလည်း သုံးစွဲလာတာကြောင့် ဒီလိုမျိုးစကားစုထုတ်ရေးဖို့ NUCC ဟာ OIC လိုမျိုး အစ္စလာမ္မစ်အဖွဲ့အစည်းတွေဆီက ငွေဘယ်လောက်ရလိုက်သလဲ...."

"ဒီနေရာမှာ နေပြည်တော်လို နေရာမျိုးတိုက်ခိုက်နိုင်တာ၊ လေယာဉ်ကွင်းထဲအထိဒရုန်းတွေ ဝင်လာနိုင်တယ်ဆိုတာကိုက လုံခြုံရေးစွမ်းရည်ကို မေးခွန်းထုတ်ရတော့မှာဖြစ်သလို နိုင်ငံတော်အဆင့်ခေါင်းဆောင်တွေ သွားရောက်မဲ့လမ်းကြောင်းတွေ လုံခြုံရေးကျိုးပေါက်တာ၊ အစည်းအဝေးလုပ်နေချိန် ဒရုန်းတွေနဲ့ ပစ်ခတ်ပြီး သတင်းမှားထုတ်ခံရတာမျိုးတွေဟာ ခိုင်မာလှပါတယ်ဆိုတဲ့ အင်စတီကျုူးရှင်းတစ်ခုကို ခြိမ်းခြောက်နိုင်တဲ့ဖြစ်ရပ်တွေပါ။ သေချာတာကတော့ ဒီဖြစ်စဉ်တွေကို သင်ခန်းစာယူရမှာပါ။ လက်ရှိအခြေအနေမှာတောင် နိုင်ငံကြီးတချို့ထောက်ပံ့မှုနဲ့ Proxy War ဆင်နွှဲနေရလို့ တကယ့်တကယ် ပြည်ပကျုးကျော်စစ်သာဖြစ်လာရင် ဒီလိုမျိုး မမှားယွင်းဖို့ လိုမှာပါ။ သေချာတာက မြန်မာနိုင်ငံမှာ ဒရုန်းတပ်ဖွဲ့တွေ သီးသန့်ရှိသင့်ပြီဖြစ်ပြီး အဲဒီအတွက် ဘတ်ဂျက်တွေသုံးဖို့လိုသလို ကိုယ်ပိုင်ဒရုန်း ပေါပေါများများ ထုတ်လုပ်နိုင်...."

"မြန်မာနိုင်ငံက ကျားဖြန့်ဂိုဏ်းတွေလက်ထဲ လူ ၁၂၀၀၀၀ လောက် ကျန်ရှိနေတယ်လို့ ကုလသမဂ္ဂပြောထားပြီး အမေရိကန်ကိုယ်တိုင်ကလည်း ဒီကျားဖြန့်လိမ်လည်မှုတွေကြောင့် ၂၀၂၃ ခုနှစ်မှာ သူ့နိုင်ငံက ငွေကြေး ၂ ဒသမ ၉ ဘီလျံလောက် ဆုံးရှုံးတယ်ပြောထားတာ၊ ရှမ်းမြောက်က ကျားဖြန့်တွေက ကုန်သလောက်နီးနီးဖြစ်နေလို့ တရုတ်ရဲ့ အာရုံက သူ့နိုင်ငံသားတွေအများစု ဖမ်းဆီးခံထားရဖွယ်ရှိနေတဲ့ မြ၀တီမြို့အနီးက KNU ထိပ်ပိုင်းခေါင်းဆောင်တွေပါဝင်ပတ်သက်နေတယ်ဆိုတဲ့ KK Park ၊ BGF ထိန်းချုပ်မှုအောက်က ရွှေကုက္ကိုလ်၊ DKBA ထိန်းချုပ်နယ်မြေအောက်က ရွှေမြစန္ဒီဆိုတဲ့ အိမ်ရာတွေက ကျားဖြန့်ဂိုဏ်းတွေ ချေမှုန်းရေးအတွက် လှုပ်ရှားမှုစသလား တွေးစရာဖြစ်လာတာပါ။ ဒီအချိန်မှာ အမေရိကန်နဲ့ တရုတ်ရဲ့ အခိုင်းခံ ထိုင်းကလည်း SAC အင်အားချိနဲ့နေပြီလို့ပြောလာတာ၊ မြ၀တီနယ်စပ်မှာ ၂၇၅ တပ်ကလွဲရင် ဗဟိုအစိုးရအာဏာစက်မရှိသလောက်ဖြစ်သွားချိန်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေကို မြို့သိမ်းခိုင်းပြီး ကျားဖြန့်တွေ ဖမ်းပေးဖို့၊ မြို့ပျက်ပြီး အကုန်ထွက်ပြေးရချိန်မှာ ကျားဖြန့်လုပ်ငန်းတွေ ရပ်သွားဖို့ ရည်မှန်းလုပ်ဆောင်သလား တွေးချင်စရာပါ။ ဘယ်လိုပဲဖြစ်နေပါစေ။ မြ၀တီမြို့သိမ်းတိုက်ပွဲဟာ အမေရိကန်၊ တရုတ်၊ ထိုင်း စတဲ့ နိုင်ငံတွေက လက်မဲတွေပါနေ...."


.ဖြိုးဝေ
#

Post a Comment

Previous Post Next Post