YBS ယာဉ်အားလုံးတွင် ခရီးစဉ်လမ်းကြောင်းပြမြေပုံပါစတေကာများကပ်မည်


       ရန်ကုန်တိုင်းဒေသကြီးအတွင်းပြေးဆွဲနေသည့် YBS ခရီးသည်တင်ယာဉ်များ၌  ခရီးသွားပြည်သူများ အဆင်ပြေစေရန် ခရီးစဉ်လမ်းကြောင်းပြ YBS လမ်းညွှန်မြေပုံပါသည့်စတေကာများ တပ်ဆင်ပေးသွားမည်ဟု YRTC တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောသည်။
"ယခုလို လမ်းညွှန်စတေကာတွေကပ်ပေးလိုက်တဲ့အခါ ခရီးသွားပြည်သူတွေအနေနဲ့ မိမိသွားလိုတဲ့မှတ်တိုင်တွေနဲ့ ရောက်ရှိတဲ့မှတ်တိုင်တွေကိုအလွယ်
တကူသိရှိနိုင်သလို ပတ်ဝန်းကျင်ကိုလည်း မေးစရာမလိုဘဲအဆင်ပြေစေမှာ ဖြစ်ပြီးတော့ခရီးသွားပြည်သူတွေအနေနဲ့ မိမိသွားလိုတဲ့မှတ်တိုင်ကိုရောက်တဲ့အခါတခြားဆက်ပြီးစီးလိုတဲ့ ယာဉ်လိုင်းတွေကိုပါအလွယ်တကူသိရှိအောင် လမ်းညွှန်စတေကာမှာထည့်သွင်းဖော်ပြပေးထားတယ်လို" ဦးလျန်ကျင့်မန်က ပြောသည်။
လက်ရှိတွင် YBS ကုမ္ပဏီ ၇ ခုမှ ယာဉ်လိုင်း ၇၁ လိုင်းတွင်တပ်ဆင်ပေးပြီးဖြစ်ပြီး ကျန်ယာဉ်လိုင်း အားလုံးတွင်လည်း တပ်ဆင်နိုင်ရန် မေလ ၁၇  ရက်နေ့နောက်ဆုံးထားပြီး လမ်းညွှန်စတေကာတွေလာ ရောက်ထုတ်ယူစေခဲ့ကြောင်းသိရသည်။
လမ်းညွှန်မြေပုံပါစတေကာများတပ်ဆင်ပြီးစီးပါက Application ဖြင့်ကြည့်နိုင်ရန် စီစဉ် ဆောင်ရွက် သွားမည်ဟုသိရသည်။

Post a Comment

Previous Post Next Post