AA အကြမ်းဖက်အဖွဲ့အား နိုင်ငံတကာအသိုင်းအဝိုင်းမှ အရေးယူဆောင်ရွက်ပေးရန် ဘင်္ဂါလီများတောင်းဆို


AA အကြမ်းဖက်အဖွဲ့၏ ရက်စက်မှုများကို ခံနေရသော ဘင်္ဂါလီများက UN အပါအဝင် နိုင်ငံတကာအသိုက်အဝန်း က AA အကြမ်းဖက်အဖွဲ့ခေါင်းဆောင် အကြမ်းဖက်သမား ထွန်းမြတ်နိုင်၊ အကြမ်းဖက်သမား ညိုထွန်းအောင် တို့ကို အရေးယူပေးရန် တောင်းဆိုထားသည့် ရုပ်သံထွက်ပေါ်လာခဲ့သည်။
ဘင်္ဂါလီများက ၎င်းတို့အပေါ် AA အကြမ်းဖက်အဖွဲ့က ရက်စက်ယုတ်မာမှုများ ကျူးလွန်နေကြောင်း၊ ထွန်းမြတ်နိုင်သည် ရာဇဝတ်ကောင်ဖြစ်ကြောင်း၊ ဘင်္ဂါလီကလေးငယ်များနှင့် သက်ကြီးရွယ်အိုများကို သတ်ဖြတ်နေကြောင်း ပိုစတာများ ကိုင်ဆောင်ပြီး UN, OIC, ICJ, ICC, USA, UK, EU, Asian တို့က သိရှိစေရန် ဆန္ဒပြတောင်းဆိုထားသည်ကို တွေ့မြင်ရသည်။
၎င်းတို့၏ အဆိုအရ ဘင်္ဂါလီများသည် ရက်စက်ကြမ်းကြုတ်သော AA အကြမ်းဖက်အဖွဲ့၏ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်းကို ခံနေရသည်ဟု ဖော်ပြထားသည်။ ရက်ပိုင်းအတွင်းက ထွက်ပေါ်လာသော ရုပ်သံတစ်ခုတွင် AA အကြမ်းဖက်အဖွဲ့က ဖိအားပေးမောင်းထုတ်ခြင်းကြောင့် ဘင်္ဂါလီအများအပြား လမ်းပေါ်တွင် စုပုံနေသည်ကို တွေ့မြင်ခဲ့ရသည်။

(ဘင်္ဂါလီများ ဆန္ဒဖော်ထုတ်ရာတွင် ၎င်းတို့၏ အမည်ကို လူမျိုးလိမ်အမည်ဖြင့် ဖော်ပြထားသည်။)

Join - https://t.me/MyanmarNationalPost

Post a Comment

Previous Post Next Post