အကြမ်းဖက်အဖွဲ့တွေက သူခိုးကလူပြန်ဟစ်လို့


ဒီမိုကရေစီလစ်ဗရယ်စနစ်ဟာကမ္ဘာကြီးကိုအေးချမ်းစေတဲ့နိုင်ငံရေးစနစ်ဖြစ်ပြီး၊ ဒီစနစ်ကိုလက်မခံတဲ့နိုင်ငံတွေကိုအမေရိကန်နဲ့အနောက်အုပ်စုကနည်းမျိုးစုံနဲ့တိုက်ခိုက်ထိုးနှက်နေတာဟာ ယနေ့ကမ္ဘာ့စနစ်ပါပဲ။

သူ့ဟာသူနေတဲ့ရုရှားကိုတိုက်ခိုက်ဖို့ရုရှားရဲ့အိမ်နီးချင်းယူကရိန်းနဲ့ရန်တိုက်ပေးပါတယ်။ ရုရှားကိုတိုက်ဖို့အတွက်ယူကရိန်းဆီ လက်နက်နဲ့ငွေကြေးအတိအလင်းထောက်ပံ့ပြီးကြားခံစစ်ဆင်နွှဲနေပါတယ်။

ယူကရိန်းကိုထောက်ပံ့ပေးသလိုအနောက်အုပ်စုရဲ့ရန်သူနိုင်ငံတွေကို ရုရှားဘက်ကလည်း သူတို့လုပ်သလို လက်နက်တွေထောက်ပံ့နိုင်တယ်လို့ သမ္မတပူတင်က ဇွန်လ ၅ ရက်မှာပြောပါတယ်။

ဒါဟာအနောက်အုပ်စုလုပ်သလိုပြန်လုပ်လို့ရတယ်လို့ပြောရုံသာပြောသေးတာပါ။ သူတို့လုပ်တုန်းကကောင်းပေမဲ့ ရုရှားဘက်ကလေသံပေးရုံနဲ့တင်ရုရှားဟာ ကျူးဘားဒုံးကျည်အရေးအခင်းသစ်တစ်ခုဖန်တီးဖို့ ခြိမ်းခြောက်နေတယ်လို့အသံထွက်လာတာဟာ အရှက်မဲ့ပါတယ်။

မြန်မာနိုင်ငံမှာလည်းအလားတူဖြစ်ရပ်တွေရှိပါတယ်။

တစ်လျှောက်လုံး ဗမာနဲ့အခြားတိုင်းရင်းသားတွေ၊ မြို၊ခမီ၊ဒိုင်းနက်စတဲ့မျိုးနွယ်တူတွေကိုသတ်ဖြတ်ခဲ့တဲ့၊ အပြစ်မဲ့အရပ်သားပြည်သူတွေ၊ နိုင်ငံ့ဝန်ထမ်းတွေကို-တ်ဖြတ်ခဲ့တဲ့၊ ဘူးသီးတောင်မှာ ဘင်ဂါလီတွေကို-တ်ပြီး တစ်မြို့လုံးမီးရှို့ခဲ့တဲ့ AA ဟာ၊ တပ်ကဗျိုင်းဖြူရွာမှာ AA ရွာခံမဟုတ်တဲ့အဖွဲ့ဝင်တွေကိုစစ်ထုတ်ပြီးအရေးယူတဲ့အခါမှာတော့သာမန်ပြည်သူတွေကိုအကြမ်းဖက်တယ်လို့အသံပေးလာပါတယ်။

AA ရဲ့ဘူးသီးတောင်ဘင်ဂါလီတွေအပေါ်အကြမ်းဖက်မှုကိုဖုံးကွယ်လိုတဲ့မီဒီယာတွေ၊ တပ်ကိုဖိနှိပ်လိုတဲ့အုပ်စုတွေအပြင် ဗမာနဲ့အခြားတိုင်းရင်းသားတွေကိုမကြာသေးမီကမှ လူမျိုးရေးခွဲခြားအကြမ်းဖက်ခဲ့ကြတဲ့ MNDAA နဲ့ TNLA အဖွဲ့ကပါ ကန့်ကွက်ရှုံ့ချတာဟာ အရမ်းမျက်နှာပြောင်တိုက်လွန်းလှပါတယ်။

လက်ရှိကမ္ဘာပေါ်မှာအမေရိကန်နဲ့အနောက်အုပ်စုဟာငါနဲ့မတူငါ့ရန်သူသဘောထားပြီး အယူအဆမတူတဲ့နိုင်ငံတွေကိုစွက်ဖက်ပြီး၊ ငါလုပ်တာအမှန် ငါ့လိုလိုက်လုပ်ရင်အမှားလုပ်နေခဲ့တာ ရုရှား၊ တရုတ်အပြင် မြန်မာမှာပါသိသိသာသာဖြစ်နေပါပြီ။

မြန်မာနိုင်ငံကအကြမ်းဖက်အဖွဲ့တွေဟာလဲ စစ်အာဏာရှင်ကိုတော်လှန်တယ်ဆိုတဲ့ခေါင်းစဥ်နဲ့ကိုယ်တိုင်က လမ်းဖျက်၊ တံတားချိုး၊ ရထားလမ်းမိုင်းခွဲ၊ စာသင်ကျောင်း၊ဆေးရုံ၊ ဘာသာရေးအဆောက်အအုံတွေမီးရှို့၊ အခြားတိုင်းရင်းသားပြည်သူတွေကို-တ်ဖြတ်နေပြီး၊ ကိုယ့်လူတွေပြန်ပြီးအရေးယူစစ်ဆေးခံရမှ ပြည်သူကိုတပ်ကအကြမ်းဖက်ပါတယ်ခေါင်းစဥ်တပ်တာဟာ သူခိုးကလူဟစ်နေသလိုပါပဲ။

၇.၆.၂၀၂၄
Geopolitics Admin
https://t.me/minchitoo989989/35492

Post a Comment

Previous Post Next Post