ကချင်နဲ့ အညာ

အညာ ဗမာတွေ က ပ ၃လုံး၊ ပအဖ၊ ပကဖ ဆိုပြီးအဖွဲ့ကွဲ၊ အချင်းချင်း အာ
ဏာဖက် သတ်ဖြတ်၊ အလောင်းတော်ကြိုးဝိုင်းထဲက သစ်တွေကို ခိုးထုတ်ရတာလောက် ပျော်မြူးနေချိန်မှာ.....

KIA ကတော့ သာသာယာယာ ဖြစ်နေပြီ။

ခုချိန်တော့ မသိသာသေးဘူးပေါ့။ စစ်ဖြစ်လို့ ပျက်စီးသွားတဲ့ စာသင်ကျောင်းတွေဟာ နယ်မြေတည်ငြိမ်မှ စလုံးရေး
ချ ပြန်စရမယ့်အရာတွေ။ အချိန်ကာလ ကြာမြင့်မှုက ၂ နှစ်လည်း ဖြစ်သွားနိုင်တယ်။ ဒီထက်မကလည်း ပိုကြာသွားနိုင်တယ်။

မပြောကောင်း မဆိုကောင်း။ အချိန်ကာလ ၅ နှစ် ၁၀ နှစ်များကြာသွားခဲ့ရင်....

စစ်ကိုင်းတိုင်းက ဗမာ ကလေးနဲ့ KIA ဦးဆောင်တဲ့ ကချင် ကလေးမျိုးဆက်တွေဟာ အပုံကြီးကွာခြားသွားလိမ့်မယ်။

ခင်ဗျားတို ကျုပ်တိုဆိုပြီး ပွင့်ပွင့်လင်းလင်းပြောတတ်တဲ့အညာ...ထမင်းရေချောင်းစီး မောင်းတီးပြီးလှူတတ်တဲ့ အညာ...
ရိုးသားပြီး စေတနာရက်ရောသူတွေ စုဝေးရာ အညာ..ဘယ်လိုဂုဏ်ဒြပ်တွေပဲရှိခဲ့ရှိခဲ့ .. ဦးနှောက်မရှိတော့ ကချင်တွေရဲ့ အသုံးတော်ခံဘဝ ရောက်မှန်းမသိ ရောက်နေရော.. ဒါကိုလည်း နာရကောင်းမှန်းမသိဘဲ ဟုတ်လှချည်ရဲ့ဆိုပြီး မာန်ကတက်နေကြသေးတာ ..
နောက်တချိန်မှာ စကားတစ်ခုကျန်ခဲ့လိမ့်မယ် ..ကချင်တွေ ဂျင်းထည့်တာခံခဲ့ရတဲ့ .. ဗမာအညာသားများဆိုပြီး 😏😏😏

Crd#(နရီမိုး)

Post a Comment

Previous Post Next Post