အသက်နဲ့ လူ လုပ်သူ


ပြောတော့လည်း

" ငါ့ နိုင်ငံတော် ၊ ငါ့ နိုင်ငံသား ၊ ငါ၏ တပ်မတော်အတွက်
ငါ၏ အသက်ကို စွန့်လွှတ်ပါမည် " တဲ့။

နံနက် အလံတင်တိုင်း ဆိုခဲ့တဲ့ သစ္စာ ဘယ်ရောက်သွားပြီလဲ?

သစ္စာလေးချက်ကို မေ့ရက်ပြီပေါ့။
မေ့မှာ ပေါ့လေ။

တဆင့်မြင့်ရာထူး ရခါနီးရင် ခြေလျင်/ ခြေမြန်ကို ဆင်း
တဆင့်မြင့်ရာထူး ရပြီးသွားရင် စစ်ရုံးပေါ် ပြန်တက်။

နောက်တစ်ကြိမ်
တဆင့်မြင့်ရာထူး ရခါနီးရင် ခြေလျင် / ခြေမြန်ကို
ပြန် ဆင်း။
တဆင့်မြင့်ရာထူး ရပြီးသွားရင် စစ်ရုံးပေါ် ပြန်တက်။
ကိုယ်ရေးအရာရှိလုပ်။

ဆင်းလိုက် / တက်လိုက်နဲ့ သံသရာလည်ပြီး
ရာထူးတဆင့်ပြီး တဆင့် တိုးခဲ့သူတွေ

သစ္စာစကား မေ့သွားပြီး
ရန်သူဆီ လက်နက်ချပြီး ၊ တပ်မတော်ကို
သစ္စာဖောက်တဲ့ စကား ပြောဝံ့ခဲ့ပြီ။

အရှက်နဲ့ လူ မလုပ် ၊ အသက်နဲ့ လူလုပ်သူတွေ
များနေသမျှ ။

အဖေကြီး ၊ အမေကြီး စကားလုံး သွင်သွင်သုံးနေသူတွေ
များနေသမျှ ။

မောင်ကောင်းတွေ ၊ မောင်သာဖြိုးတွေ
မြင်းထိန်းငတာတွေများနေသမျှ ။

(ဆီမီးအိမ်)
11- 1 - 2024

1 Comments

Post a Comment

Previous Post Next Post